Professional Authors

Prisoner’s Hope ( အလင်းမဲ့ အိမ်)

လေးဘက်လေးတန် က
နံရံတွေဟာ
သေတ္တာတစ်လုံးရဲ့ အာဏာနဲ့ 
ငါ့ခန္ဓာကို သိမ်းကျုံး ကျုံ့ ဝင်စေခိုင်းတယ်

ခြေကျင်းဝတ်နှစ်ဖက်က
သံကြိုးတွေဟာ
မလွတ်လပ်ခြင်း ဝိသေသ ကို အထူးပြုတယ်
ဒီနှစ်ဆောင်းမှာ
အလင်းတပေါက်စာ
အကြွေကို မျှော်ရင်း
လက်ရမ်းတွေကို ဆုပ်ညှစ်တိုင်တည်နေခဲ့

တစုံတယောက် …ခေါ်သံဟာ
သိပ်ရှားပါးလွန်းနေ

အလှည့်ဆိုတဲ့ စကားလုံးအဓိပ္ပါယ်
အတိတ်အကျိုးအကြေတွေထဲက ပြန်ရှာဖွေနေမိ

မျက်ဝန်းတွေ မျက်ရည်တွေ
လွတ်လပ်ခဲ့ရင် ဆိုတဲ့အတွေးတချို့ နဲ ခေါ်သံတွေ    
သြော်အလင်းရယ်
သည်တခေါက် မှာ
မြင်ကွင်းတွေပြောင်းပါစေတော့
အသိုက်အမြုံရဲ့ နွေးထွေးမှုကိုလည်း ချဉ်ခြင်းတတ်နေခဲ့တယ်

ဆောင် ရမယ့် ဦး (ဦးဆောင်မှု)
ချောင်ထဲမှာ အမှောင်ကျ
လူမမည်လေးတွေ တောင်
လူမည်လာခဲ့ပြီ နှစ်ရှည်တွေကတော့ မကျေနိုင်သေးပါလားကွယ်

အားမလိုအားမရ
အထားအသိုမှားရ
ရင်ခွင်ပိုက်ထားတဲ့
မျှော်လင့်ချက်ဟာအသေ တခုဆို ….
သည်ဘဝမှာ အလှည့်ဆိုတာ ရှိပါ့ဦးမလား

ပြန်မေးရင်းပြန်တွေး
လွတ်လပ်ခွင့်တွေရွာဖြန်းမယ့်
တနေ့ 
အဲဒီ နံရံတွေရဲ့ အဝေးတဖက်ခြမ်း

ကမ်းလင့်လက်တွေ ရှိမယ့်အရပ်မှာ

လူမည်ကလေးတွေ
ကြွေးဆပ်မွေးမယ့်
ငါ့ အသည်းအသက်ကမ္ဘာရှိမယ်

အဲဒါ .. မိ သား စု က ပေးမယ့် ငါ့ရဲ့  နွေးဓာတ်ခြည်မြင်ကွင်း

အနာဂတ်တွေမရပ်ခင် မှေးစက်လို့  နားခွင့်ရှိချင်သေးတာမို့ 

သည်တခေါက်
အလင်းမှာ မြင်ကွင်းပြောင်းသွားဖို့ 
ရင်နင့်အောင် ဆုတောင်းရင်း
နံရံတွေထဲ သေးကျုံ လို့  ဝင်ဝင်သွား ဆဲ

In: ကဗျာ Posted By: Date: Oct 17, 2012
Comment #1

yeah,,
sweet family life

commentinfo By: ei lay at Oct 17, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment