Professional Authors

စံပြပုဂ္ဂိုလ် သူလို လူ

 

စံပြပုဂ္ဂိုလ် သူလို လူ

 

(၁) အသိတရား အရှိတရားနဲ့

မာန်မာန ဂုဏ်ရိုန်အာဏာတွေ

ခဝါချလို့ ပြည်သူတွေကို နေရာပေးခဲ့သူ….။

 

(၂) တပါးသူ လက်ဖဝါးအောက်မှာ

အမှောင်ကျနေတဲ့ ကမ္ဘာတဖက်ကို

အလင်းပေးခဲ့သူ….။

 

(၃) အာဏာအတွက် အလုပ် မလုပ်

မျိုးချစ်စိတ်ဓာတ်နှင့် အများအတွက်

အလုပ်နှင့် သက်သေပြလို့

လွတ်လပ်ရေး ကြိုးပမ်းခဲ့..

အပြောကြမ်းပေမဲ့

နှလုံးသားလှတဲ့ သူ…။

 

(၄) မသိသေးသမျှ ဆိုနေမိမယ်

မလိုလို့လည်း ပြောနေမိမယ်

သူစိတ်နေ စိတ်ထား လွန်သိမ့်မွေ့လွန်းလို့

သူ့ ဝိညာဉ် သူ့မနော အလွန်သန့်တယ်

သူလို လူ ထူးချွန်သဘော…။

 

(၅) သူ့မွေးရပ်.. သူ့ ဇာတိ..

သူနေခဲ့တဲ့ နေရှင်နယ်ကျောင်း

သူနေခဲ့တဲ့ တက္ကသိုလ်

သူ့ပေးခဲ့တဲ့ မြေ သူ့ခြေရာတွေ

သူ့သမိုင်းကြောင်း မသိလို့ ထင်ယောင်ထင်မှား

မမြင်လို့ ပြစ်မှား

သူ့ဝိညာဉ် မသေပျောက်ပါဘူး

သူလို လူ ထွန်းတောက် ပြည့်ဘုန်း..။

 

 

တက္ကသိုလ်မြတ်မင်း

In: ကဗျာ Posted By: Date: Oct 15, 2012
Comment #1

လေးစားစွာအားပေးနေလျှက်

commentinfo By: အသဲကွဲမိုး at Oct 17, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment