Professional Authors

တစ်ယောက်သောသူအားရည်စူး၍

နွေဦးလေရူးနဲ့ အတူ ၊ငါအရူးမူးဖြစ်ခဲ့တဲ့
အတိတ်တွေရယ်….
ဒဏ်ရာတွေရယ်…
ကျိန်စာတွေရယ်…
နေပူပူထဲမှာပဲရွက်ဟောင်းတွေကြွေခဲ့ပါတော့ကွယ်…
ငါတို့ တစ်ရာသီခြားခဲ့ပြီ…။

ဒဏ်ရာရထားလည်းထွက်ခွာသွားပြီ
ဘယ်ဘူတာဆိုက်မယ်မှန်းမသိပေမဲ့ 
ကိုယ်ပါသွားခဲ့ပြီ…။

မင်းစကားတစ်ခွန်း…မင်းနာမည်တစ်လုံး
ငါရဲ့ ဇရပ်အိုမှာ…ခွင့်မတောင်းပဲ
ထာဝရအိပ်စက်သွားပြီ…။

အားလုံးသိခဲ့တဲ့အတိုင်းပဲ…အားလုံးဖွဲ့ ခဲ့တဲ့အတိုင်းပဲ
အဖော်တွေကောင်းနေပေမဲ့ …ခဏပါပဲ
ဒဏ်ရာတွေဟောင်းနေပေမဲ့ …လတ်ဆတ်ဆဲပဲ
ကိုယ်ထင်ပြနေပေမဲ့ …အသက်မဲ့ဆဲပဲ
ဆုတွေတောင်းနေပေမဲ့ …အကုသိုလ်တွေများနေတော့…ဘယ်ပြည့်နိုင်ပါ့မလဲ။

မေ…မေ…
တရိပ်ရိပ်နဲ့ တိမ်တွေတတ်လာပြီ
ကျွန်တော့်မျက်နှာထက်မှာ…ညိုမှိုင်းလာပြီ
ဗီးနပ်စ်လည်းငိုကြွေးပြီ …
ကျုပစ်လည်းငိုကြွေးပြီ …
ကိုယ်စောင့်နတ်လည်းငိုကြွေးပြီ …ကျွန်တော့်မျက်နှာထက်မှာ
တစ်ယောက်နဲ့ တစ်ယောက်ပခုံးချင်းဖက်လို့ 
မျက်ရည်တွေရောယှက်ကုန်ပြီ…ကျွန်တော့်မျက်ဝန်းအိမ်ထဲမှာ။

နံနက်ခင်းနေမင်းလေးအောက်မှာ
ဆောင်းလေမြူးမြူး
ပျော်ရွှင်ကြည်နူးခုန်ပေါက်ဆော့မြူးနေတဲ့ 
နေရောင်ဖျော့ဖျော့လေးရေ
ငါ့ကိုယ်ပေါ်ပတ်ဖျန်းပြီး
ချစ်သူရဲ့ အနမ်းတစ်စုံ…လက်ကမ်းလို့ ပေးပါ
ငါနိုးထတော့မည်…။

လေးစားရပါသောကျွန်တော့်ရဲ့ ညီအစ်ကိုမောင်နှမများခင်ဗျာ….ကျေးဇူးပြု၍ဝေဖန်ပေးကျပါ
ကျေးဇူးပြုပြီးတော့မလှောင်ပါနဲ့ …။

In: ကဗျာ Posted By: Date: Oct 7, 2012
Comment #1

Hello,
Hello,
Hello,
😉
😉
😉

Hna lone tarr hnit khan sarr kar,,,,
lae lae sarr sarr Phat shu arr pay twar par de.

commentinfo By: ei lay at Oct 7, 2012
Comment #2

thz par ma ei lay

commentinfo By: loafer at Oct 7, 2012
Comment #3

အဲ့ဒီ ဒဏ်ရာ ရထားမှာလဲ ကျနော်ပါသွားခဲ့တာပါ… ဘူတာမရှိတဲ့ ရထားမျိုးပေါ့….

စာအရေးအသားအရမ်းကောင်းပါတယ်… ဆက်လက်ရေးပါ…

လေးစားချက်…

commentinfo By: deadxromeo at Oct 7, 2012
Comment #4

အင်းကျေးဇူးပါ အစ်ကိုတူတူခရီးဆက်ကျတာပေါ့ 😀

commentinfo By: loafer at Oct 7, 2012
Comment #5

ခရီးဆက်တယ်ဆိုတာ ပန်းတိုင်ရှိမှဗျ… အခု ကျနော်က လွင့်ချင်ရာလွင့်နေရသလိုမျိုးပါဗျာ… နားခိုရာမရှိ ပန်းတိုင်မသိပဲ မနက်ဖြန်ပေါင်းများစွာအထိ လွင့်ချင်ရာလွင့်နေရမှာပါ….
အစ်ကိုရောလိုက်မလား????

commentinfo By: deadxromeo at Oct 7, 2012
Comment #6

အတူတူတွေပါပဲ ကျွန်တော့်မှာဆင်းကမဲ့ ဘူတာမရှိသေးဘူး
တေလေ ပါပဲ

commentinfo By: loafer at Oct 7, 2012
Comment #7

မင်းစကားတစ်ခွန်း…မင်းနာမည်တစ်လုံး
ငါရဲ့ ဇရပ်အိုမှာ…ခွင့်မတောင်းပဲ
ထာဝရအိပ်စက်သွားပြီ…။

commentinfo By: zawthetoo at Oct 9, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment