Professional Authors

S m a l l

နောက်ကွယ်မှာ နေမယ်ဆိုပြီး
ရှေ့တလှမ်းတိုးတိုးလာတယ်
အဟောင်းဆိုတာ အရောင်းထိုင်းကုန်ကွယ့်
ချစ်သူတွေလို ချစ်ကြတယ်အမည်တပ်ရင်း
နှပ်ချေးတွဲလောင်းကလေးတွေလို
ဘ၀ကိုချော့သိပ်ကြတာပေါ့ – ဘာဖြစ်သလည်း???

 

အငယ်အနှောင်းတဲ့ တကယ်မကောင်းတဲ့အမည်နာမ
အရိပ်တွေသာလှနေမယ်ဆို
အစဉ်ထာဝရထွေးပိုက်ထားဖို့ လည်း မိုက်မဲ
ကြိုက်ကြေးနဲ့ကစားတဲ့ ဘ၀ထဲမှာ

ရိုးသားမှုဆိုတာ

တကယ်ခါးတဲ့အရာ
မှားတဲ့အခါလည်း မှားပေမပေါ့
အဲဒီအမှားဆိုတာ တခါတခါထက် ပိုလှတတ်ရဲ့မဟုတ်လား???

 

အိပ်မပျော်ရင် အိပ်မက်မဟုတ်ပါဘူး
ဒီလိုပဲ မျက်စေ့ ဖွင့်ရင်း အမှောင်ချကြမယ်

ပတ်ဝန်းကျင်အသက် ခုနှစ်ရက်ပါကွယ်

 

ဖောက်ပြားတယ်ဆိုတာ စကားလုံးကြီးကသာဆိုးနေတာ
ရိုးသွားတဲ့ အချစ် အသစ်လဲပြစ်လိုက်ပါတော့
သူလိုကိုယ်လိုနေရင်းက အလိုလိုဘေးရောက်သွားမယ့်

ပထမ

ဒုတိယနေရာမှာ နေပျော်ပါ့စေတော့လား

မမြင်ဘူးဖူးတဲ့ ဂဏန်းတခု တို့အတူ
ပေးအပ်ရင်း အနည်ထိုင်စေ့ရအောင်
နောင်လာနောက်သားဆိုတာ
ကိုယ့် နှလုံးသွေးတွေမှ မဟုတ်ပါပဲ

ဂျူနီယာတွေအတွက် ဒို့အသက်ကိုပေးအပ်ဖို့ မှမလိုပါဘူးကွယ်

 

ခိုးခိုးခစ်ခစ်ရယ်သံလေးတွေနဲ့
အနာဂတ်ကိုအဆိပ်ခတ်ကြမယ်
တပင်မလဲ လည်း တပင်ထူလို့ 
အပြစ်တွေလည်းမယူကြေးပေါ့ကွယ်

 

ငိုသံတွေလည်း နားမထောင်နဲ့

သံယောဇဉ်လည်း အမျှင်မတန်းနဲ့

တကယ်လန်းတဲ့ ပန်းကို နမ်းလို့ 

သူလက်တကမ်းမှာ အိပ်ပျော်နေပါစေတော့လား

 

အသစ်ပီပီ အချစ်တွေအရောင်တင်လို့  ဘ၀ကို အချိုဖြန်း သူမမှန်းတဲ့ အနာဂတ်ကိုပေးသနားလိုက်ကြပါစို့

ခိုးခိုးခစ်ခစ်ရယ်သံလေးတွေနဲ့ ကျွန်မ အဆုံးတိုင် အတိတ်ဖျက်ပြပါ့မယ်

ပိုင် ဆိုင် မှု တချို့ တော့ ပေးအပ်ထားဖို့ လိုတယ်

In: ကဗျာ Posted By: Date: Sep 20, 2012
Comment #1

🙂

commentinfo By: ei lay at Sep 20, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment