သို.
ငါတို.တွေ မဝေးခင်ထဲက
ငါတို.တွေ ဝေးခဲ.ကြတယ် မိရွှေပို
အလျှံတညီးညီး သတိရခြင်းတွေကလည်း
ရှင်သန်မှုကို တရိရိစုတ်ဖြဲ လို.
အတူလျှောက်ဖူးတဲ. လမ်းတိုလမ်းရှည်တွေမှာ
အရင်လို နေသာမြဲ သာနေမလား
ကောင်းကင်တစ်ခုတည်းအောက်မှာ ဆိုပေမယ်.
အဲဒီနွေလယ်ခေါင်ရာသီဥတုက ငါ.တစ်ကိုယ်စာ အတွက်ပါ မိရွှေပို
ပြောပါရစေ
ငါ.နေ.တွေညတွေ ပတ် ကြား အက် နေပြီ
ပစ်မှတ်က ကျည်ဆံတောင်.ကို ငတ်မွတ်နေသလိုမျိုး
ငါ နင်.ကို
စူးစူးဝါးဝါး လွမ်းတယ် မိရွှေပို
စက္ကန်.တွေ မိနစ်တွေကို ခုတ်လှဲပစ်ချင်ပြီ
မိုင်တွေ ကီလိုမီတာတွေကို ခေါက်သိမ်းပစ်ချင်ပြီ
ဘ၀မှာ သေချာတာတစ်ခုကတော.
ဘာမှ မသေချာဘူးဆိုတာကလွဲရင်
ဘာမှ မသေချာဘူး ဆိုတာပါပဲ
ဒါပေမယ်. မိရွှေပိုရယ်
ယုံကြည်ခွင်.ဆိုတာ ရွေးချယ်မှုမဟုတ်လား
ကျေးဇူးပြုပြီး ငါ.ကို မှားတယ် မပြောပါနဲ.
ကျေးဇူးပြုပြီး ငါ.ကို မှားတယ် မပြောလိုက်ပါနဲ.
Leave Comments
								 Email me whenever there is new comment
								
																
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
                                           	
                                    		
                                        


