Professional Authors

Will I Quit for U …….

လွတ်မြောက်သွားလေခြင်းလား ~~
လွှတ်ချလိုက်လေခြင်းလား ~~
စုံမှိတ် ဆုပ်ကိုင်ထားတဲ့
ငါ့လက်တွေကို ဖြည်ချတဲ့အခိုက်
နောက်ဆုံးအကြိမ်
သက်ပြင်း ရှိုက်လိုက်မိတယ် ..။

ကြေခဲ့ပီလေ ..
ငါ့ဘက်က ကြွေးတင်ခဲ့သမျှပေါ့ ..

သံသရာအဆုံး
ကမ္ဘာကုန်သည်အထိ
လွတ်မြောက်ပီထင်ရဲ့။

ပြုသူ အသစ်
ဖြစ်သူ အဟောင်းပါ။
အမှားဆိုတာ ထောက်ပြစရာတစ်ကွက်
ငါဘက်မှာ မြူတစ်မှုံမှ မရှိပေမယ့်
ရှိပါစေလေ .. ရှိစေလေ …။

ဘာဘဲဖြစ်ဖြစ် ..
ငါတင်တဲ့ဝဋ်ကြွေးသာဆို
ခြေခွင့်ပြုပါ .. ။
ငါ့အပေါ်လာတင်တာဆိုလည်း
ငါဘက်က ကြေပါတယ် ..
မဆပ်ပါနဲ့တော့။

ဘ၀တစ်ခု ကံတစ်ခု
အကြောင်းတွေရှိလို့ အကျိုးတွေဖြစ်ခဲ့ .
ဖြစ်ပြီးရင် ပျက်မယ့် ဓမ္မတာအတိုင်း
ငါတို့ ဆက်စီးဆင်းမယ် .. ။

ဝေတာဟာ ကြွေဖို့ဘဲ
ရယ်တာဟာ ငိုဖို့ဘဲ
မမြဲတဲ့ အ၇ာတွေထဲ
ဘာတွေကို မက်မောနေမလဲ .. ။
ရင့်ကျက်ဖို့ အတွက်လည်း
လုံလောက်သွားခဲ့ပီဘဲ …။ ။

In: ကဗျာ Posted By: Date: Sep 19, 2012
Comment #1

Right. I agree with u.
My mottos are……
1.U’ll get what u give.
2.U r what u do.

commentinfo By: ei lay at Sep 24, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment