Professional Authors

နှင်းဆီတစ်ပွင့်၏ ဈာပန

ရနံ့တွေ၊ အရောင်အဆင်းတွေ
ပုံသဏ္ဍာန်တွေ
အားလုံးကို မြှပ်နှံခဲ့ရပြီ
မင်းရဲ့ဝိဥာဉ်ကိုပါ မြှပ်နှံလိုက်ပါ
မင်းရဲ့နောက်ဘ၀တွေကိုပါ မြှပ်နှံလိုက်ပါ
နှင်းဆီတစ်ပွင့်ရဲ့ သစ္စာတိုင်တည်တေးကို ရေရွတ်မိတဲ့
ငါ့ကိုပါ မြှပ်နှံခဲ့လိုက်ပါ
ငါ့ရဲ့ နောက်ဘ၀တွေကိုပါ မြှပ်နှံခဲ့လိုက်ပါ

ဟောဒီ လွင်တီးခေါင်ပြင် ကန္တာရမှာ
ဟောဒီ ဆူးများတဲ့ သဲသောင်မှာ
ငါတို့ …
ဝိဥာဉ်အဖြစ်တောင် မြင်တွေ့ခွင့် မရတော့ဘူးဆိုရင်
ငါတို့ …
စိတ်ကလေးနဲ့တောင် ထုံကူးခွင့် မရတော့ဘူးဆိုရင်
ငါတို့ရဲ့ အရည်ပျော်ကျနေတဲ့ ဘ၀တွေ၊ နောက်ဘ၀တွေ
အားလုံးရဲ့ ဈာပန
ငှက်ဆိုးထိုးသံတွေနဲ့ ခမ်းခမ်းနားနား သင်္ဂြုဟ်လိုက်ပါ
 
နောက်တစ်ကြိမ်
နှင်းဆီ မပွင့်မီ ဘ၀တွေအထိ

In: ကဗျာ Posted By: Date: Sep 13, 2012
Comment #1

နောက်တစ်ကြိမ်
နှင်းဆီ မပွင့်မီ ဘ၀တွေအထိ
ရင်ထဲမှာ ပဲ့တင်ထပ်နေမယ့်အဆုံးသတ်ပုံလေးပါပဲ

ဒီကဗျာကို ကြိုက်တယ်
နောက်လည်း ကဗျာတွေ တင်ပါအကို
လူချင်းမတွေ့ဖြစ်နိုင်သေးပေမယ့်
အကို့ကဗျာတွေကို ကျွန်တော် ဖတ်ချင်ပါတယ်
ကျွန်တော်တို့က ကဗျာလမ်းကို အတူတူလျှောက်ခဲ့ကြတာပဲလေ
ပြောစရာရှိရင်လည်း ကျွန်တော်တို့ တစ်ယောက်ကိုတစ်ယောက်
မညာတမ်းမညှာတမ်း ဝေဖန်ပြောဆိုကြတာပေါ့

ချစ်ခင်လျှက် . . .
ကိုသျှား

commentinfo By: ကိုသျှား at Sep 28, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment