Professional Authors

အတ္တ ရဲ့ ဆန္ဒ

ရင်ခုန်ခြင်းတွေနဲ့ပဲ
ငါရပ်တည်ခဲ့တာပါ။
ဒါပေမယ့် ..

ငါ့ကို ခံစားချက်မဲ့တယ်တဲ့ ။
 
ရင်ခွင်တစ်ခုလုံးနဲ့ရင်းပြီ
ငါ ချစ်ခဲ့တာပါ။
ဒါပေမယ့် ..
ငါ့ကို နှလုံးသားမရှိဘူးတဲ့ ။

မျက်ရည်တွေကို
ငါအဖော်ပြုနေရတာပါ။
ဒါပေမယ့် ..
ငါ့ကို မလွမ်းတတ်ဘူးတဲ့ ။

နာကျည်းမှုတွေကို
မာနအလွှာပါးပါးလေးနဲ့
ဖုံးအုပ်ဖို့ ခုမှကြိုးစားနေရတုန်းပါ။
ဒါတောင်မှ
ငါ့ကို နေနိုင်သတဲ့။

ငါ့အတွက်တော့
အချစ်ဆိုတာ ပိုင်ဆိုမှုဆိုတဲ့
အတ္တ မှ မဟုတ်တာနော်။
ဆန္ဒ မှာတော့ ပိုင်ဆိုင်လိုခြင်းဆိုပေမယ်
အတ္တ နဲ့ ဆန္ဒ ဆိုတာ တစ်ခြားစီပါဟာ။

မိုးအိပ်မက်


In: ကဗျာ Posted By: Date: Sep 11, 2012
Comment #1

feel sorry to know
🙁
🙁
🙁

commentinfo By: ei lay at Sep 11, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment