Professional Authors

ငါဆိုတာ

ငါဆိုတာ
နင့်ကောင်းကင်မှာ ကြယ်တစ်လုံးဆိုရင်
နင့်မျက်စောင်းတစ်ချက်တည်းနဲ့
ဟိုးအဝေးဆုံးကို
                                                          ထိုးဆင်းပစ်လိုက်ဖို့ ဝန်မလေးတဲ့ သူပါ။

ငါဆိုတာ
အိပ်ပျက်ညတွေ များနေပေမယ့်
ငါ့နှလုံးသား ဓူဝံကြယ်လေးရဲ့
အိပ်ဖန်စောင့် ဖြစ်ရတာကိုပဲ
ကြံဖန် ဂုဏ်ယူတတ်တဲ့ သူပါ။

ငါဆိုတာ
အိပ်မက်တစ်ခုကို ဘဝတစ်ခုလုံးနဲ့
ရင်းပစ်ခဲ့ရတောင်
‘ငြိုငြင်မှု’ ဆိုတာ စကားလုံးတောင် မပေါင်းတတ်ခဲ့ဘဲ
ကိုယ့်ဒုက္ခ ကိုယ်ရှာနေမိတဲ့ သူပါ။

ငါဆိုတာ
နင် .. မသိလဲ ကျေနပ်တဲ့
သိလဲကျေနပ်မယ့်
တစ်ကိုယ်တော် တိမ်တိုက်ငယ်လေးတစ်စ
နင် .. ငွေ့ရည်မဖွဲ့မချင်း
ရွာချခွင့် မရှိတဲ့
အဆုံးမဲ့ စက္ကန့်တံလေးပေါ်မှာ ခိုစီးရင်း ..

စိတ်ကူးထဲက
ပန်းရောင်ကမ္ဘာငယ် တစ်ခုကို
နင့်လက်လေးတွဲပြီး တည်ဆောက်နေမိတုန်းပါ ..။

မိုးအိပ်မက်


In: ကဗျာ Posted By: Date: Sep 11, 2012
Comment #1

oh,,oh,,
million thz

commentinfo By: ei lay at Sep 11, 2012
Comment #2

စိတ်ကူးထဲက
ပန်းရောင်ကမ္ဘာငယ် တစ်ခုကို
နင့်လက်လေးတွဲပြီး တည်ဆောက်နေမိတုန်းပါ

commentinfo By: sainobermaung at Mar 16, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment