Professional Authors

အမှန်တရား

ငါတို့ရဲ့ရင်ခုန်သံတွေ ဘယ်လောက်ပဲ နီးစပ်ခဲ့ .. နီးစပ်ခဲ့
မရေရာခြင်းတစ်ခုနောက်မှာ ဝေးကွာသွားခဲ့ပြီပဲ ..။

ငါတို့ရဲ့ စကားလုံးတွေ ဘယ်လောက်ပဲ ချိုမြခဲ့ .. ချိုမြခဲ့
အချိန်ကာလတစ်ခုအောက်မှာ ခါးသက်သွားခဲ့ပြီပဲ ..။

ငါတို့ရဲ့ အိပ်မက်တွေ ဘယ်လောက်ပဲ ဖြူစင်ခဲ့ .. ဖြူစင်ခဲ့
ဝေးကွာနေရခြင်းနောက်မှာ အရောင်တွေ စွန်းခဲ့ပြီပဲ ..။

ငါတို့ရဲ့ သံစဉ်တွေ ဘယ်လောက်ပဲ ပျံ့လွင့်ခဲ့ .. ပျံ့လွင့်ခဲ့ 
မနီးစပ်နိုင်ခြင်းတစ်ခုမှာ ပါးလျသွားခဲ့ပြီပဲ ..။

ငါတို့ရဲ့ မျှော်လင့်ချက်တွေ ဘယ်လောက်ပဲ ထပ်တူကျခဲ့ .. ထပ်တူကျခဲ့
ပြန်မဆုံနိုင်တဲ့ အသိတွေထဲမှာ လွဲချော်ကျခဲ့ပြီပဲ ..။

ငါတို့ရဲ့ ချစ်ခြင်းတွေ ဘယ်လောက်ပဲ ခိုင်မြဲခဲ့ .. ခိုင်မြဲခဲ့
နောက်ဆုံး .. အရာရာဟာ တိုးတိုးလေး ပျောက်ကွယ်သွားခဲ့ပြီပဲ ..။

အတိအကျပြောရရင်
နင့်ရင်ထဲမှာ နေရာယူနေတဲ့လူက 
ငါမဟုတ်တော့တဲ့ တစ်ခြားတစ်ယောက်ဖြစ်နေတာကို
ငါကိုယ်တိုင် လက်တွေ့သိလိုက်ရတဲ့ အချိန်တစ်ခုမှာပေါ့ .. ။

မိုးအိပ်မက်

In: ကဗျာ Posted By: Date: Sep 10, 2012
Comment #1

:'(
:'(
:'(

commentinfo By: ei lay at Sep 11, 2012
Comment #2

ဖတ်ရှုသွားပါသည်…

commentinfo By: sainobermaung at Mar 16, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment