Professional Authors

ရပ်ကွက် (အောင်ချိမ့်)

အပြင်မှာ
ပျော်စရာ နည်းနည်း
လွင်ပြင် ဖုန်မှုန့် နဲ့ မြက်ခြောက်
ပိုးလောက်လန်း ထူပြစ်
စိတ်ညစ်ဖို့ ကောင်းတယ်။

            ခိုအိမ်လို
            ပရိဘောဂများအနှံ့
            ဖရိုမရဲအရာများ ပွတွန့်သော
            အခန်းရှည်မျောမျော လေးထဲမှာ
            သူတို့တစ်နေ့တာလုံး နေထိုင်ကြတယ်။

သူရယ်
သူ့ ညိမသုံးယောက်ရယ်
ချာတိတိနှစ်ကောင်ရယ်
မွန်းလှောင်နေကြမှာပဲ။

ပွဲလမ်းရာသီရှိတဲ့ ရက်များဆို
တစ်အိမ်သားလုံး အလည်ထွက်ကြပေါ့။
 

အထီးတည်း တိတ်ဆိတ်နေတဲ့ အခန်းမှာ
ကျန်ရစ်ခဲ့တာ
သူနဲ့
လမ်းမကို ကြောက်မက်ဖွယ် ငေးမျှော်နေတဲ့
သူ့ရဲ့ မျက်လုံး လှလှတစ်စုံ။

အောင်ချိမ့်
ဇန်န၀ါရီ၊ ၁၉၈၇

Comment #1

ကဗျာ က တစ်မျိုး ပဲ နော်

commentinfo By: MYM at Sep 8, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment