Professional Authors

ပုံပြောသူ ၅ (အောင်ချိမ့်)

ငါ့ဘ၀ကို ငါပြန်ရောက်ပြီ
အရက်သောက်လည်း မမူးတော့ဘူး။

မူးချင်လျှင်
မသောက်ဘဲနဲ့ မူးပေတော့။

အောင်ချိမ့်

Comment #1

ကောင်းလိုက်တဲ့ကဗျာလေးပဲနော်..
အရက်အကြောင်းစပ်ထားတာ..အရမ်းမိုက်တယ်
အရက်ကဗျာကို ဖတ်ပီး အရက်နာကျတဲ့သူတွေကို ပြန်မြင်ယောင်မိတယ်
အရက်ငတ်နေလို့  တုန်ရီနေတဲ့သူတွေကို ပြန်မြင်ရောင်မိတယ်
အရက်သောက်ပီး ရင်ဘက်ထဲက အောင့်တယ်လို့ ပြောရင် သေသွားတဲ့သူတွေကို ပြန်မြင်ယောင်မိတယ်
အရက်သမားသားသမီးတွေရဲ့ စုတ်ပြတ်သတ်နေတဲ့ဘ၀တွေကို ပြန်မြင်ယောက်မိတယ်
ရမ်အရက်ထဲမှာ အက်ဆစ်တွေ ပေပါလိုက်ထဲ့နေတာတွေကို ပြန်မြင်ယောင်မိတယ်
အရက်ဖိုးမရှိလို့ ကိုယ့်မိန်းမပါးကို ပြန်ရိုက်နေတာတွေ ပြန်မြင်ယောင်မိတယ်
အရက်ဖိုးမရှိလို့ ကိုယ့်အမေကို ပြန်ဆဲနေတဲ့သားမိုက်တွေကို ပြန်မြင်ယောင်မိတယ်…..
အရက်ဆိုင်တွေ..ဘီယာဆိုင်တွေ….ဘားတွေ..ဖားတွေ…ငါးတွေ…တီကောင်တွေ……..ပြန်မြင်ယောင်မိတယ်…

commentinfo By: fox at Jul 29, 2010
Comment #2

ဘဝက အရက်ထက် ပိုပြင်း / ပိုမူးတယ်..။
ကိုယ်တိုင် သုံးသပ်မိချိန် မသောက်ဘဲ မူးခဲ့ ။

commentinfo By: လင်းဒီပ at Aug 26, 2010
Comment #3

အရမ်းကောင်းပါတယ်……
အရက်သမားက
အရက်ကြိုက်တယ်….
မူးချင်လို့ သောက်တာမဟုတ်။
ကျွန်တော်ကကဗျာတွေကြိုက်တယ်…
သိလို့ တတ်လို့ မဟုတ်။
ကဗျာမို့ လို့ …ခံစားပါတယ်။

commentinfo By: လပန်းဧည့် at May 22, 2012
Comment #4

nice & short.

ei lay ka dot ma mu be ne ko yit tar,,, 😛

commentinfo By: ei lay at May 22, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment