Professional Authors

ကြယ်တစ်ပွင့်ရဲ့ … အတွင်းစိတ်

သိရက်နဲ့ စွန့်လွှတ်ခဲ့တာပါ …
ကြမ္မာဆန်းတွေနဲ့ ဘ၀တစ်ကွေ့မှာ
ကဗျာတွေ မဟုတ်ဘဲ
ငါ နောက်ဆုတ်ခဲ့ရပြန်တယ် …

ငါ မဟုတ်တဲ့
လူတစ်ယောက်ကိုမှ
နှလုံးသားက ယိမ်းယိုင်
အကြင်နာတွေ ပိုနေသူကိုတော့
အချစ်မြို့ရိုး တံခါးပိတ်
ထာဝရ နှုတ်ဆိတ်နေတော့မယ် ….

( လမင်း )ကို မခူးဆွတ်ချင်တော့လို့
( ကြယ် ) တစ်စင်း အနေနဲ့
မင်းရဲ့အပါး ခစား
သာယာမယ့် လမ်းပဲ
လျှောက်လှမ်းပါ … ချစ်သူ …. ။

Zero <<<<< zeroboyz123@gmail >>>>>

In: ကဗျာ Posted By: Date: Apr 20, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment