Professional Authors

တကြိမ်တခါ

တဘက်က တိမ်တိုက်စွန်းမှာ
စံပယ်ပြာပြာတွေ ပွင့်ကြတုန်းလား
စကားတွေ ချုန်းထစ် ကြွေကျ
ခုနှစ်တွေက ငါ့ နာရီကိုမှန်မှန်ခိုးကြတယ်…

နှလုံးသားအကြောင်း ပြောကြေးဆို
သောကြာအိုမှာ ထားရစ်ခဲ့
ပြီးခဲ့တာတွေက
ထုတ်ပြဖို့ကောင်းလောက်အောင်
ကဗျာတစ်စောင် မမြောက်ဘူး…

ဆိုခဲစေမြဲစေ..
နေရာထိုင်ခင်းမှားမှာ
နားလည်မှု တေ့လွဲခြင်းများ
ကျမ်းကိုးကျမ်းကားရှိရင်
လမ်းညွှန်ပေးကြစမ်းပါ…

မီးမတိုးဘဲနဲ့
ပိုးဖလံဖြစ်ခဲ့သူ ငါပါ
သနားစရာလဲမဟုတ်သလို
အပိုစာသားလဲ ကင်းလွတ်ခဲ့ပါရဲ့
အပြုံးလေးတစ်ခုနဲ့ ပက်ပင်းတိုးမိတာပဲရှိတယ်…

ပိတောက်တွေမြင်တိုင်း
ရင်ဘတ်မှာ ၀ိုင်းပြရမလိုပေါ့
တခုခုတော့ ရှိလိမ့်မယ်
မိုးကုတ်စက်ဝိုင်း အလယ်မှာ
ပင်လယ်ဝါ၀ါတွေရွာတဲ့နေ့လဲဖြစ်နိုင်ပါရဲ့…

မေ့ပစ်လိုက်ပါ
တခါတခါ အဖြစ်မှန်ဆိုတာမျိုးက
လက်မှတ်ထိုးမပြသင့်ဘူးမလား
ချစ်ခြင်းတရားကထာဟာ
ညီမျှခြင်းမပါလာခဲ့ဘူးဆိုတာကိုလေ… 

In: ကဗျာ Posted By: Date: Sep 3, 2012
Comment #1

Mike de

commentinfo By: ei lay at Sep 4, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment