Professional Authors

ကဗျာပန်းခင်း – နရီထက်

နှင်းချယ်ရီလမ်းမှာ လမ်းလျှောက်ထွက်လည်တယ်
စကားလုံးတွေနှင့် လှမ်းနှုတ်ဆက်ကြတယ်
အလှအပတွေက ကဗျာဆရာရဲ့ အိတ်ကပ်ထဲကနေ
ထွက်ကျလာတယ်
ပိတောက်တွေ ဖူးတဲ့ ဧပရယ်ရူးမှာ
တစ်ယောက်ဆို တစ်ယောက် အလှတွေ ထူးပါဘိ
စံပယ်နှင့် ခရေ မွှေးခြင်း ပြိုင်လည်း
ဖြူစင်တဲ့ နှလုံးသားကို လက်ဆင့်ကမ်းပေးပြန်တယ်
ဆူးနှင့် နှင်းဆီ ရူးနေနှင့်လည်း
ကဗျာဆရာလက်ထဲမှာ အရိုင်းပန်းမဟုတ်ဘူး
တော်ဝင်တစ်လက် ဖြစ်စေ … ရှိတယ်
သဇင်ပင်မြင့် နန်းမခလည်း
နဂိုနကိုင်း အလှတရားတွေနှင့် သူကြွယ်လေတယ်
ကဗျာဆရာရဲ့ အိတ်ကပ်ထဲမှာ
စိတ်ကူးယဉ်ဆန် အတိတ်ဟောင်းတွေ မရှိဘူး
ကိုယ့်ပိုင်စကားလုံးတွေ ရှိတယ်။      ။

နရီထက်
( ၁၉ ၊ ဇန်န၀ါရီလ ၊ ၂၀၁၂ )

In: ကဗျာ Posted By: Date: Jan 19, 2012
Comment #1

ပိတောက်တွေ ဖူးတဲ့ ဧပရယ်ရူးမှာ
တစ်ယောက်ဆို တစ်ယောက် အလှတွေ ထူးပါဘိ
စံပယ်နှင့် ခရေ မွှေးခြင်း ပြိုင်လည်း
ဖြူစင်တဲ့ နှလုံးသားကို လက်ဆင့်ကမ်းပေးပြန်တယ်
ဆူးနှင့် နှင်းဆီ ရူးနေနှင့်လည်း
ကဗျာဆရာလက်ထဲမှာ အရိုင်းပန်းမဟုတ်ဘူး
တော်ဝင်တစ်လက် ဖြစ်စေ … ရှိတယ်
သဇင်ပင်မြင့် နန်းမခလည်း
နဂိုနကိုင်း အလှတရားတွေနှင့် သူကြွယ်လေတယ်….အားပေးသွားတယ်နော်…မြန်မာပြည်တောင်ပြန်လွမ်းသွားတယ်….

commentinfo By: thuya at Jan 19, 2012
Comment #2

နှင်းချယ်ရီလမ်းမှာ လမ်းလျှောက်ထွက်လည်တယ်
စကားလုံးတွေနှင့် လှမ်းနှုတ်ဆက်ကြတယ်
အလှအပတွေက ကဗျာဆရာရဲ့ အိတ်ကပ်ထဲကနေ
ထွက်ကျလာတယ်
ပိတောက်တွေ ဖူးတဲ့ ဧပရယ်ရူးမှာ
တစ်ယောက်ဆို တစ်ယောက် အလှတွေ ထူးပါဘိ
စံပယ်နှင့် ခရေ မွှေးခြင်း ပြိုင်လည်း
ဖြူစင်တဲ့ နှလုံးသားကို လက်ဆင့်ကမ်းပေးပြန်တယ်
ဆူးနှင့် နှင်းဆီ ရူးနေနှင့်လည်း
ကဗျာဆရာလက်ထဲမှာ အရိုင်းပန်းမဟုတ်ဘူး
တော်ဝင်တစ်လက် ဖြစ်စေ … ရှိတယ်
သဇင်ပင်မြင့် နန်းမခလည်း
နဂိုနကိုင်း အလှတရားတွေနှင့် သူကြွယ်လေတယ်

commentinfo By: May Kha at Jan 19, 2012
Comment #3

LIKE

commentinfo By: k nge lay at Jan 19, 2012
Comment #4

ကဗျာလေးက တမျိုးလေး ကောင်းတယ်ဗျ………..

commentinfo By: sitayenyein at Jan 19, 2012
Comment #5

great

commentinfo By: ei lay at Jan 19, 2012
Comment #6

ကဗျာလေးကောင်းတယ်ဗျာ အားပေးသွားတယ်နော်

commentinfo By: harris at Jan 20, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment