ရှေ့ရေး
နှလုံးသားတစ်ခုလုံးနဲ့ ကွယ်ထားတော့
ချစ်ခြင်းမေတ္တာကလွဲရင် ဘာကိုမှ မမြင်ရဘူး
မင်းနှုတ်ခမ်းပေါ်မှာ ငါ့အနာဂတ်ကို လွှတ်ကျောင်းထားရင်း
ငါ့ဘ၀ငါ မေ့လို့
မင်းရယ်သံလွင်လွင်လေးတွေ ကြွယ်ပိုးကြွယ်ဝရှိနေမယ့်
အိမ်လေးတစ်လုံးအဖြစ် ငါ ၀င်စားလိုက်ချင်တယ်
လောကဓံမိုးရေစက်တွေအောက်
ထီးလေးတစ်လက်နဲ့ အသက်နှစ်ချောင်း မျှဆောင်းလို့ လုံမလား
ဘ၀ဆိုတာ လက်နှစ်ဖက်နဲ့ရေးမှ အောင်မြင်နိုင်မယ့်ကဗျာ
အဲဒီကဗျာကို ပြီးပြည့်စုံအောင်ရေးဖို့
မင်းလက်တစ်ဖက် ငါ့ကို ပေးပါ
ကောင်းရာမွန်ရာက မဟုတ်လေတော့
သိမ်ငယ်စိတ်ဟက်တက်နဲ့သာ တမ်းတနေရပေါ့
ငါ့ရဲ့အမေနဲ့ခပ်ဆင်ဆင်တူတဲ့ကောင်မလေးရေ . . .
ဥယျာဉ်တစ်ခုတည်း နှင်းဆီနဲ့စံပယ် ဝေးသလို
တို့နှစ်ယောက်ပါကွာ
တစ်နွေကုန်ရင်ဖြစ်ဖြစ်၊ တစ်ဆောင်းသစ်ရင်ဖြစ်ဖြစ်
ငါ မင်းနဲ့အတူ အိမ်ပြန်ခွင့်ရပါရစေ
ကိုသျှား
Comment #2
super like,
😛
😛
😛
u r really expert in choice of words
By: ei lay at Aug 21, 2012
Comment #4
ရှေ့ . . . . . . . . . ရေးးးးးးးးးးးးးးးးးးးးးးး
By: နတ်သမီး at Aug 22, 2012
Comment #7
ဘ၀ဆိုတာ လက်နှစ်ဖက်နဲ့ရေးမှ အောင်မြင်နိုင်မယ့်ကဗျာ
အဲဒီကဗျာကို ပြီးပြည့်စုံအောင်ရေးဖို့
မင်းလက်တစ်ဖက် ငါ့ကို ပေးပါ
အရမ်းကြိုက်တယ်…တစ်ပုဒ်လုံးကို ဘယ်တွေပျောက်နေလဲ အကိုကြီး…. 🙂
By: terry at Sep 5, 2012




Comment #1
ငါ့ရဲ့အမေနဲ့ ခပ်ဆင်ဆင်တူတဲ့ကောင်မလေးရေ