Professional Authors

အရွေ့

ကျွန်တော်တယောက်တည်း နေဖြစ်တဲ့နေ့တွေများပြီ တတောက်တောက်နဲ့ စာစီစာရိုက် အရိုးစွဲနေ့ရက်တွေမှာ

ကျွန်တော့်ကိုယ်ကျွန်တော်ပြန်ရှာနေခဲ့ဖူးတယ်။

 

ကံတရားဟာ အေးချမ်းစွာဆန္ဒပြခွင့်တောင်မပေးတဲ့အတွက်သမဂ္ဂ ပွဲမှာ ကျွန်တော့်လက်ခုပ်သံမပါဖြစ်ခဲ့ဘူး။

 

ဒါတွေအကြောင်းပြောရင်း ရင်နင့်အောင် စူးနေတဲ့ ဆူးသွားတွေလိုပဲ အသက်ရှုကျပ်လာတယ်။

 

ဒီလိုနည်းဟာဒီမိုကရေစီလမ်းဘယ်လိုမှမဖြစ်နိုင်တဲ့အကြောင်းကြွတ်ကြွတ်အိတ်ထဲ ခေါင်းစွပ်အော်မှသာ အသံသဲ့သဲ့ ပြန်ကြားနိုင်မယ့်အဖြစ်

 

အသစ်-အသစ်ဆိုတာ အာဏာရှင်တွေ လက်မောင်းပေါ်က တံဆိပ်ကြီးတွေလိုပဲ လမ်းဘေးမှာ သံမှိုရိုက်လို့ရသလောက်လွယ်တယ်။

 

ထားပါတော့ ထားပါတယ် ဒါကျွန်တော်မဆွေးနွေးသင့်တဲ့အရာပါ။

 

ဒီနှစ်မိုးမှာ အငြိုးတချို့ပါတယ် ကလေးနို့တိုက်ရင်းဘ၀ဆုံးသွားတဲ့ သင်ရိုးတန်းဆရာတွေသိလိမ့်မယ်။

လက်ဖက်ရည်ဆိုင်ထိုင်တဲ့ ကော်ဖိနပ်တချို့လုံးပါးပါးနေပြီအဌားခန္ဓာပေမယ့်အာဏာစွမ်းတွေနဲ့ တချို့လည်းလှမ်းတက်နေကြတုန်းပဲ ဟိုးအမြင့်ကြီးမှာလည်း လေထုညစ်ညမ်းမှု 100%ရှိနေတယ် ။

 

မယုံဘူးမယုံကြဘူး ဒါဟာ မမှန်ကန်ထားမှုအတွက်သက်သေပါ။

 

အရွေ့တွေတရွေ့ပြီးတရွေ့ ခမ်းနားနေရင်း ငယ်ဂုဏ်ငယ်သွေးတချို့ကို ကာရာအိုကေမှာသုံးမပြစ်ဖို့ဆုတောင်းနေမိ

 

ကျွန်တော်ဟာဘာကောင်မို့လည်းလို့မေးရင် လူကောင်လို့ ပဲပြန်ဖြေတတ်မယ့်မိသားစုတခုအတွက်

ငဲ့ညှာမှုတွေနဲ့အတူ အမှန်ကိုမြိုမြိုချပစ်တတ်တဲ့ကောင်ပေါ့

 

ဒီလိုနဲ့ ဒီစာကိုဇာတ်သိမ်းပြစ်ဖို့ကြိုးစားရင်းကျည်ဆံတွေတရစပ် ပစ်ဝင်ခံရတဲ့ ရင်ဘတ်ကြီးတခုလို နာကျင်သွေးဆူရင်း လက်ဖ၀ါးကြားထဲကဘောပင် အလိုလို လွတ်ကျသွားခဲ့တယ်။

In: ကဗျာ Posted By: Date: Aug 15, 2012
Comment #1

မမိုးရေ…
ဒီတစ်ခါလည်း အမှတ်တရတွေ အမှတ်ရပြန်ပြီး
ရင်ဘတ်ထဲကို လာထိသွားပြန်ပြီဗျာ
ထိချက်…..ကတော့ ။

commentinfo By: ကတုံးလေး at Aug 15, 2012
Comment #2

phat shu arr pay twar par de,,na moe yae

commentinfo By: ei lay at Aug 15, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment