Professional Authors

“ခရီးတစ်ခု” ၊မင်းထက်ညိမ်း

“ခရီးတစ်ခု” မင်းထက်ညိမ်း *အဲဒီ မရောက်ဖူးသေးတဲ့ မနက်ဖြန်ဆီ ကိုယ်စီ စိတ်ကူးရှိကြသူကြည့်ပဲ စကားပြောဆိုခြင်းဟာ ငြီးငွေ့စရာအကောင်းဆုံးနားလည်ပေးရမှုတစ်ခုပဲ စိတ်အစာပြေ တွေးကြည့်စရာ စိတ်ကူးလေး တစ်စမျှ မရှိတော့ဘူးလား အခက်အခဲ အတိုက်အခံဆိုတာ ရယ်စရာပြက်လုံးတစ်ခုလိုပါပဲ ပျော်ရွှင်ခြင်းတွေ ဘယ်သူ့ထံပါးမှ လုယူရရင်ကောင်းမလဲ ရင်ဘတ်ထဲက ကမ္ဘာကြီးကို လွယ်လွယ် မြိုချလိုက်ချင်တယ် ကမ္ဘာကြီးဆိုတာလည်း ကန်ရေပြင်ထဲ- -ပစ်ပေါက်လိုက်တဲ့ ကျောက်ခဲလေးတစ်လုံးလိုပါပဲ ရေဆိုးမြောင်းထဲ အမိုက်သရိုက်တွေ ပိတ်ဆို့သလို ငါ့ နှလုံးလမ်းကြောင်းထဲ တစ်စုံတစ်ရာ ပိတ်ဆို့လို့ မေးခွန်းတွေမှာ အဖြေမရှိဘူး မျက်နှာချင်းဆိုင် နှုတ်ဆိတ်နေတတ်ဖို့ပါပဲ ဟောဒီ စိတ်ကို မြန်မြန် သေပစ်လိုက်ချင်တယ် ဖြစ်ချင်တာတွေ မဖြစ်တတ်တဲ့ ဒီချင်ခြင်းကို မီးရှို့ပစ်လိုက်ရမလား မစဉ်းစားနဲ့ မတွေဝေနဲ့ မ ၀ံ့ မ ရဲ တစ်လှမ်းချင်း နောက်ဆုတ်လာခဲ့မိချေပေါ့။ ။ မင်းထက်ညိမ်း

In: ကဗျာ Posted By: Date: Aug 15, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment