Professional Authors

ရင်ထဲကပေဖူးလွှာ

နှလုံးသားတခုချင်း
နီးစပ်ဖူးတယ်…….
ခိုနားဖူးတယ်……..
နားလည်ပေးဖူးတယ်
ခုတော့……
နားလည်သူလေးရေ…
မောင်ဘယ်ဆီ..မယ်ဘယ်ရောက်လို့…
မသိတော့ပါလား…တွေယောင်မှားလို့…
အရင်ကဆို ခုလောက်ဝေးလို့နေလည်း….
မဝေးသလို နီးနီးလေးဘဲ..
တွေးမိလေတိုင်း ပျော်မိတယ်…။
မတွေးချင်တော့ဘူး.နားလည်သူ….
နားမလည်နှိုင်တော့မှန်းသိလို့…
လွမ်းတတ်လွန်းတာငါ…
မေ့တတ်လွန်းတာက..????
ငါအတွေးထဲ တွေးကြည့်ဖူးတယ်..
ငါအလွမ်းထဲလည်း လွမ်းကြည့်ဖူးတယ်..
သေချာတယ်…ငါနင့်ကို..
နားလည်ပေးနေတယ်…
နင်လည်း ငါ့ကိုနားလည်ပေးနေတယ်…

In: ကဗျာ Posted By: Date: Aug 10, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment