Professional Authors

စိန်မေရီ

ဟိုးဝေးလှမ်းကြည့် မြင်ကွင်းများက
ပြတ်သားလာဆဲ နွမ်းအိုစုတ်ပြတ်
ခံစားချက်နဲ့ ဒဏ်ရာဟောင်းက
နေရာလေးတစ်ခု ဖွင့်ဟအန်ထုတ်
ခံစားချက်တွေ ပြင်းထန်နေဆဲ
ကာလရှည်လျှား…….
အတိတ်ကာလ ကျောင်းပုံပြင်ကို
ပြန်ြ်မင်ယောင်ရင်း လှိုက်ဖိုနေဆဲ
နီနီရင့်ရင့် အရောင်များရယ်
ရွက်ခြောက်တွေနှင့် နွေဦးဂိမ္မာန်
အလှတရားက ပို၍နာကျင်စေသည်…..
မေ့ဖို့နိုင်လေ ကြိုးစားမရ
မေ့နိုင်ဖို့လည်း မကြိုးစားရဲ
ဝေဒနာတွေ လွမ်းမောမိရာ
စိန်ပန်းပွင့်နှင့် ကျောင်းဆောင်တွေက
ဆွဲငင်နေဆဲ ရေတွင်းထဲက
ရေပုံးပမာ………
အတိတ်ဟောင်းတွေ ယူငင်ဆွဲဆောင်
ငယ်စဉ်ဘဝ ရောက်သည်ရှိသော်
တူညီလက်တွေ ခိုင်ခိုင်တွဲကာ
ပြန်လာခဲ့မည် ရင်ကမမေ့
မမေ့နိုင်သော အတိတ်ဟောင်းများ
စိန်ပန်းတွေနှင့် အနာဂတ်တိုင်
အမှတ်ရနေမည့် ကျောင်းရဲ့နာမည်
“ St.Marry “

second two
14.5.09
3;43 am

In: ကဗျာ Posted By: Date: May 30, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment