Professional Authors

လူ့ဘ၀..ဓမ္မတာ

မြင်တွေ့ရသမျှ လူ့လောက၀ယ်
သဘာဝ ဓမ္မ ဘယ်ဟာမှလည်း
အစဉ်ထာဝရ မတည်မြဲပေ။

အလှဥစ္စာ စည်းစိမ်ဓန
ပေါကြွယ်ဝလည်း ငါ့၌ရှိသည် ၊
ငါမှငါဟု ဂုဏ်မပြုပါနှင့်
နောက်ဆုံးမှာတော့ သင်္ခါရ ။

အလှဟူသမျှ ရှိသော်ငြား ၊
ဥစ္စာဓန ရှိသော်ငြားလည်း၊
ပညာဓန ရှိသော်ငြားလည်း၊
မာန်ဝင့်ကာလေ ဟန်မပြနဲ့ ။

လောကအစဉ် အရာရာတွင်
ဖြစ်လာသမျှ ဘယ်ဟာမှလည်း
မတည်မြဲပါလေ။

ရခဲလှသောလူ့ဘ၀ ဘယ်အရာမဆို
သင်္ခါရဟု တွေးတောဆင်ခြင်
ရှုမြင်သုံးသပ် ကျက်မှတ်မှသာ
လူ့ဓမ္မဟာသည် မတည်မြဲမှန်း
သိနိုင်ဧ။် ။

In: ကဗျာ Posted By: Date: Aug 7, 2010
Comment #1

မှန်တယ်ဗျာ ကျွန်တော်လည်း မသေခင်ဘယ်အရာမှမတည်မြဲဘူးဆိုတာ သိသွားလို့ သတိပေးသူအားလုံးကို ကျေးဇူးတင်မိတယ် ကဗျာဆရာကိုလည်း ဒီကဗျာလေးအတွက် ကျေးဇူးအများကြီးတင်ပါတယ် ။

commentinfo By: X - ray at Dec 21, 2011
Comment #2

right
right
right

commentinfo By: ei lay at Jan 14, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment