Professional Authors

တစ္ဆေတစ်ကောင်ရဲ့ ည

တာမထွက်သေးခင်ပဲ

ပွဲသိမ်းခရာမှုတ်တယ်..

………………………..

………………………….

အရာအားလုံး ပြီးဆုံးသွားပြီ

အဆုံးသတ်သွားပြီ………..။

 

တိတ်ဆိတ်နေတဲ့ အခန်းထောင့်ထဲ

လွင့်ပျံလာတဲ့ စန္ဒရားသံတွေနဲ့အတူ

ညရဲ့ နှင်းဆီဖြူတွေ ငို….နေ….ပြီ။

 

တိတ်ဆိတ်ခြင်းက အေးစက်မှုကို ယူဆောင်ပေးတယ်.။

တိတ်ဆိတ်ခြင်းက ချောက်ချားစရာတွေကို သယ်လာပေးတယ်..။

တိတ်ဆိတ်ခြင်းက အသက်ရှူသံတွေကို နှေးကွေးစေတယ်…။

ဒါပေမယ့်လည်း…

တိတ်ဆိတ်ခြင်းက သတိရခြင်းတွေကို မတားဆီးနိုင်ဘူး……။

 

အဲဒီတိတ်ဆိတ်ခြင်းတွေကို ပြိုကျစေဖို့.

စကားတစ်ခွန်းပဲ လိုအပ်တယ်…။

 

မှင်စွန်းနေတဲ့ ရင်ဘတ်တခြမ်း

ဒီတိုင်းပဲ ရှိပါစေတော့လေ..။

တစ္ဆေတစ်ကောင်ရဲ့ အထီးကျန်ညတွေက

ဒီထက်ပိုပြီး မခါးနိုင်တော့ပါဘူး…။

 

Lyrics

(9:25 AM)

22.Nov.2011

In: ကဗျာ Posted By: Date: Aug 8, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment