Professional Authors

အပူတပြင်းခမ်းနားခဲ့တဲ့ အိမ်မက်

တိတ်ဆိတ်ခြင်းတွေဟာ တိတ် တိတ် ဆိတ် ဆိတ် ခမ်း နား ခဲ့ကြပြီ၊
သူ့အချိန်မဟုတ်ရင်တောင် ခပ်ရဲရဲပဲ ကြီးကျယ်ခဲ့တယ်၊
မှောင်မိုက်ဆိတ်ငြိမ်ခဲ့တယ်၊
ဘယ်သူ့အတွက်မှ မဟုတ်ရင်တောင်၊ သူ့အတွက် သူ၊ သူ့ပတ်ဝန်းကျင်အတွက် သူ၊ သူ့ မိသားစုအတွက် သူ၊
ခမ်းနားခဲ့တယ်၊
ရေးသူ နာမည်၊ စာအုပ်နာမည် ကြည့်ပြီးမှ ဖတ်တတ်တဲ့အထဲမှာ ကျွန်တော်လည်း ပါတယ်၊
တော်တော်များများလည်း ပါတယ်၊
စကား၊ စကားနဲ့ စကားတွေကြားမှာ အချိန်ဇယားဆွဲတတ်တဲ့သူတွေထဲမှာ ကျွန်တော်လည်း ပါတယ်၊
တော်တော်များများလည်း ပါတယ်၊
အဲဒီ့တော့ … ကျွန်တော်ဟာ လူတစ်မျိုးမဟုတ်တဲ့ လူတွေထဲက လူပိုတစ်ယောက်၊
ကိုယ်တိုင် ရွာချမိတဲ့ မီးတောက်တွေကို ပြန်ကောက်နေမိသူ၊ ကျွန်တော့်ရဲ့အတ္တတွေက ပူတယ်၊
တော်တော်များများရဲ့ အတ္တတွေကလည်း ပူတယ်၊
အဲဒီ့တော့ … အတ္တဆိုတာ ပူတယ်၊
ကျွန်တော် ဆွဲခဲ့တုန်းက မျဉ်းဖြောင့်တစ်ကြောင်းပဲ၊ အိမ်မက်တွေက စောင်းလာတယ်၊
ပစ္စုပ္ပန်တွေက စောင်းလာတယ်၊
အဲဒီ့တော့ … မျဉ်းကလည်း တစ်ဖြည်းဖြည်းစောင်းသွားတယ်၊
ကျွန်တော် ညှိမရသေးတဲ့ ကာရန်တွေထဲမှာ သူမက ထိပ်ဆုံးကပါတယ်၊
မြန်မာပီသမှုက နောက်ဆုံးကပါတယ်၊
ဆက်စပ်မယ်ဆိုတော့မှ အတ္တတွေက ပူတယ်၊
အိမ်မက်တွေက စောင်းတယ်၊
တိတ်ဆိတ်ခြင်းတွေက ခမ်းနားတယ်၊
မြန်မြန်လာပါ တြိဂံရယ် … ဆုံမှတ်တွေကနောက်ကျနေပြီ မဟုတ်လား၊
တကယ်တော့ —> အပူတပြင်းခမ်းနားခဲ့တဲ့ အိမ်မက်ရယ်ပါ၊

ကြယ်စစ်သည်

In: ကဗျာ Posted By: Date: Jan 31, 2012
Comment #1

ကျွန်တော် ဆွဲခဲ့တုန်းက မျဉ်းဖြောင့်တစ်ကြောင်းပဲ၊ အိမ်မက်တွေက စောင်းလာတယ်၊
ပစ္စုပ္ပန်တွေက စောင်းလာတယ်၊
အဲဒီ့တော့ … မျဉ်းကလည်း တစ်ဖြည်းဖြည်းစောင်းသွားတယ်၊

commentinfo By: kantkawmg at Jan 31, 2012
Comment #2

အစ်မလဲမက်ဘူးတယ်……

commentinfo By: May Kha at Feb 1, 2012
Comment #3

တိတ်ဆိတ်ခြင်းတွေဟာ တိတ် တိတ် ဆိတ် ဆိတ် ခမ်း နား ခဲ့ကြပြီ၊
သူ့အချိန်မဟုတ်ရင်တောင် ခပ်ရဲရဲပဲ ကြီးကျယ်ခဲ့တယ်၊
မှောင်မိုက်ဆိတ်ငြိမ်ခဲ့တယ်၊
ဘယ်သူ့အတွက်မှ မဟုတ်ရင်တောင်၊ သူ့အတွက် သူ၊ သူ့ပတ်ဝန်းကျင်အတွက် သူ၊ သူ့ မိသားစုအတွက် သူ၊
ခမ်းနားခဲ့တယ်၊
ရေးသူ နာမည်၊ စာအုပ်နာမည် ကြည့်ပြီးမှ ဖတ်တတ်တဲ့အထဲမှာ ကျွန်တော်လည်း ပါတယ်၊
တော်တော်များများလည်း ပါတယ်၊
စကား၊ စကားနဲ့ စကားတွေကြားမှာ အချိန်ဇယားဆွဲတတ်တဲ့သူတွေထဲမှာ ကျွန်တော်လည်း ပါတယ်၊
တော်တော်များများလည်း ပါတယ်၊
အဲဒီ့တော့ … ကျွန်တော်ဟာ လူတစ်မျိုးမဟုတ်တဲ့ လူတွေထဲက လူပိုတစ်ယောက်၊
ကိုယ်တိုင် ရွာချမိတဲ့ မီးတောက်တွေကို ပြန်ကောက်နေမိသူ၊ ကျွန်တော့်ရဲ့အတ္တတွေက ပူတယ်၊
တော်တော်များများရဲ့ အတ္တတွေကလည်း ပူတယ်၊
အဲဒီ့တော့ … အတ္တဆိုတာ ပူတယ်၊
ကျွန်တော် ဆွဲခဲ့တုန်းက မျဉ်းဖြောင့်တစ်ကြောင်းပဲ၊ အိမ်မက်တွေက စောင်းလာတယ်၊
ပစ္စုပ္ပန်တွေက စောင်းလာတယ်၊
အဲဒီ့တော့ … မျဉ်းကလည်း တစ်ဖြည်းဖြည်းစောင်းသွားတယ်၊
ကျွန်တော် ညှိမရသေးတဲ့ ကာရန်တွေထဲမှာ သူမက ထိပ်ဆုံးကပါတယ်၊
မြန်မာပီသမှုက နောက်ဆုံးကပါတယ်၊
ဆက်စပ်မယ်ဆိုတော့မှ အတ္တတွေက ပူတယ်၊
အိမ်မက်တွေက စောင်းတယ်၊
တိတ်ဆိတ်ခြင်းတွေက ခမ်းနားတယ်၊
မြန်မြန်လာပါ တြိဂံရယ် … ဆုံမှတ်တွေကနောက်ကျနေပြီ မဟုတ်လား၊
တကယ်တော့ —> အပူတပြင်းခမ်းနားခဲ့တဲ့ အိမ်မက်ရယ်ပါ၊……လေးစားလျှက်ပါ ကိုကြယ်စစ်သည်….

commentinfo By: sharon myorr myor at Feb 1, 2012
Comment #4

ဟုတ် … ကျေးဇူးပါဗျာ။

commentinfo By: ကြယ်စစ်သည် at Feb 5, 2012
Comment #5

ကျွန်တော်နဲ့ကဗျာထဲကအဖြစ်အပျက် တထပ်တည်းကျနေခဲ့တယ်။

commentinfo By: Win Htike at Feb 22, 2012
Comment #6

အထပ်ထပ်အခါခါ ဖတ်သွားဖြစ်တဲ့ ကဗျာ

commentinfo By: အသဲကွဲ မိုး at Oct 5, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment