Professional Authors

အိုအေး အေးအို…………။

အိုအေး အေးအို
ချော့မြူတဲ့တေး
ကလေး လေးလေ
အငို တွေတိတ်
ပုခက်ထဲဝယ်
ဇိမ်လေးနဲ့အိပ်
ု့ပုရွက်ခြင်ယင်
မတက်မနား
သူ့နားနားဝယ်
တဖ၀ါးကယ်
ဆတ်ဆတ်မခွာ
လက်နှစ်လုံးလေး
ဖ၀ါးသစ်လေး
အငိုတွေတိတ်
ငြိမ်ငြိမ်လေးအိပ်
ကြည့်ကြည့်ပြီးတော့
ပီတိနဲ့ပျော်
အတွေးအခေါ်
အံသြဖွယ်စွ
သဘာဝပေး
ဘ၀ကပေး
များသိမြင်နှင့်
လွန်စွာသုံးပြီး
စောင့်ရှောက်ကာဖြင့်
အိပ်ချိန်ချိန်ဝယ်
ခဏမနား
စေတနာအားဖြင့်
သူ့အမေလေ
သူသားနားဝယ်
ရှိပေစွ ဟု
အန္တရာယ်များ
ဝေးစေရန်သို့
လူမမယ်ရွယ်
ကလေးငယ်အား
သားချော့တေးဖြင့်
ချော့ရှာလေသည်
အိုအေး  အေးအို….။

In: ကဗျာ Posted By: Date: Sep 8, 2011
Comment #1

nice

commentinfo By: ei lay at Sep 18, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment