Professional Authors

ဂန္ထဝင် သမိုင်းဝင်သော လက်


ဂန္ထဝင် သမိုင်းဝင်သော လက်

 

အဝေးဆုံး တနေရာကို
ကျွန်တော်… ခရီးသွားနေခိုက်
အတွေးတွေနဲ့ ကောင်းကင်မော့ကြည့်
မျှော်လင်ခြင်းရဲ့ နောက်..ခရီးတစ်ခုကို
ပျံသန်းရင်း စိတ်ကူးမိတယ်…

စိတ်ကူးယဉ်တိုင်း မျက်ရည်တွေနဲ့
လွင့်မျောရင်း တမ်းတမိတဲ့
ပုခတ်လွှဲသော လက်ကို
ပူဇော်ခြင်း ဂါရဝတွေ
ရင်မှာပိုက်လို့  သတိရမိတယ်…။

ပုခတ်ထဲမှာ အိပ်ပျော်ခဲ့တဲ့
မသိစိတ်တွေက ပုခတ်လွတ်မှ
အနည်းငယ် စကားသင်ခဲ့..
ထမင်းကို မန်မန်တဲ့………

ခြေလှမ်းစ ဘဝလောကဓံမှာ
ကစားစရာ အရုပ်တွေနဲ့
အားကစားတွေ ခုံမင်တပ်မက်လို့
အမေဟာ ဟန်ပါပါ
ဒုတ်တစ်ချောင်းကို ကိုင်ဆောင်ပြီ
လက်ဦးဆရာအဖြစ်နဲ့ သင်အပ်တာတွေ
သင်ကြားပေး လမ်းညွန်ပေးခဲ့တယ်..

ကျွန်တော်တို့ ငါးနှစ်အရွယ်မှာ
အိုးပုတ် ဂျိုးရုပ်တွေနဲ့
ကုမ္မဏီအလုပ်တွေလို
အစားမက်နဲ့ အားကစားမှာ
အလုပ်ရှုပ်နေခိုက် ကျွန်တော်တို့ နောင်ရေး
အနာဂါတ်တွေကို မျှော်တွေးရင်း
အမေဟာ ချော့မော့ ခါးပိုက်
ရိုက်နှက်ကာ ဆုံးမ
အထိုက်အလျှောက် မျက်နှာမငြိုးသော မုန့်ဖိုးနဲ့
သမီး သားတွေကို ပညာတက်ကြီးဖြစ်စေဖို့
ကျောင်းသို့ပို့ဆောင်ကာ ပညာတွေသင်စေခဲ့တယ်လေ..။

နေ့စဉ် အလုပ်တွေမှာ
ဆန်ရွေ့ ဆန်ပြာ
ထမင်းချက် အင်္ကျီလျှော်
ကြမ်းတိုက် အလုပ်လုပ်
အိမ်မှုကိစ္စတွေနဲ့ ပတ်ခြာရိုက်ရင်း
ကျောင်းတက်နေတဲ့ ကျွန်တော်တို့ကို
ပြုစုပျိုးထောင်ပေးရင်း
ပေါက်ပြဲနေတဲ့ ကျွန်တော်တို့အင်္ကျီတွေကို
အပ်နဲ့ချည်တွဲကာ သေခြာချုပ်ပေးခဲ့..
နေထိုင်စားသောက်ရေး
ကိုယ်လက်သန့်ရှင်းရေး
အာဂန္တု အဖျားအနာတွေ
ကျန်းမာရေးတွေ ကုသပေးတဲ့
အမေဟာ ဆရာဝန်မကြီးလည်း လုပ်ခဲ့တယ်…။

ဘွဲ့ရလာတဲ့ အနာဂါတ်တနေ့မှာ
အမေကိုယ်တိုင် ဂုဏ်ပြုလို့
ဆုတွေအထွေထွေ ဆုတောင်းပေးခဲ့
တက်နိုင်သမျှကိုလည်း အလုပ်ခွင်မှာ
လုပ်ငန်းတွေကို ထောက်ပံ့ပေးရင်း
အောင်မြင်မှု လမ်းကြောင်းပေါ်ကို
အမေ့မေတ္တာလက်နဲ့ တင်ထားပေးခဲ့တယ်…။

စီးပွားရေး အဆင်ပြေလားတဲ့
သားသမီးတွေက အမေ့လက်အစုံမှ
လွတ်ထွက်လို့ သဘာဝနိယာမရဲ့
လက်ကွက်ပေါ်မှာ အိမ်ထောင်တွေကျ
ဇနီး.. ယောင်္ကျားတွေ ရရှိလို့လည်း
အမေဟာ..
တသက်တာ ခွဲထွက် ကွဲကွာပြီး
တစ် ပါတီ ထောင်စေချင်တဲ့
စနစ်မျိုးဆိုတာ အမေ့ ဥပဒေမှာ မရှိခဲ့ဘူးလေ…။

လုပ်ငန်းခွင် စီးပွားရေး
စနစ်တွေအောက်မှာ ဖိအားတွေများလို့
စိတ်ဓာတ်ကျနေတဲ့
သား သမီးတွေရဲ့ အိမ်ထောင်ရေး
ကိန်းဂဏာန်းများလာတဲ့ မိသားစုအရေးတွေမှာ
ငြိမ်သက်အောင် ဆက်လက်ပြုစုရင်း
အမှုကိစ္စ မှန်သမျှကို
အသက်ရှုမှန်မှန် တစ်ချက်ခြင်း လှုပ်ရှား
သား သမီးတွေကို ဖြည့်ဆည်းပေးခဲ့တဲ့
အမေ့လက်တွေက ကမ္ဘာကို မလှုပ်ကိုင်နိုင်သော်လည်း
သံမဏိလို သန်မာထက်မြတ်လှတယ်လေ..။

အမေ… လက်လွှဲခတ်ခဲ့တဲ့
ပုခတ်ထဲက သား သမီးတွေက
ကမ္ဘာကို တုန်လှုပ်စေတဲ့
သူရဲကောင်းတွေ ပညာတက်တွေ
စီးပွားရေး ပညာရှင်တွေ
သိပ္ပံပညာရှင်တွေ မွေးဖွေးပေးခဲ့..
အသိတရားရှိတဲ့ လူသားတွေရဲ့
ခေတ်တစ်ခေတ်အောက်မှာ
ကျွန်တော်တို့ကို မွေးဖွားပေးခဲ့
ပုခတ်လွှဲပေးခဲ့တဲ့ အမေရဲ့ကျေးဇူးတွေကို
ကောင်းကောင်း သိရှိခဲ့ပြီး အမေ..။ 

 

တက္ကသိုလ်မြတ်မင်း

In: ကဗျာ Posted By: Date: Aug 1, 2012
Comment #1

excellent creation

commentinfo By: ei lay at Aug 1, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment