Professional Authors

ညအတွေး

 

 

 အတူတူ နေနိုင်ဖို့ စဉ်းစားရင်း စဉ်းစားရင်း

သုံးပင်အိမ်လေးပေါ် ကျောဆန့်

ဘုရားစင်ပေါ်က ဖယောင်းအလင်းရောင်

ဘဝအမှောင်ကို မပယ် မဖယ်နိုင်

ပတ်ဝန်းကျင် အထောင်အသောင်းမှာက

မေတ္တာယောင် ခပ်ဟပ်ဟပ်ရယ်

စကားပုံရိုးရိုး နိုင်းရရင်

အိုးထဲအိမ်ထဲ လေလှိုင်းသံတွေ မရှောင်နိုင်သကဲ့သို့

မင်းအသံ မင်းအရုပ်

ဒီဇာတ်ထုတ်မှာ မပါမဖြစ်တဲ့ သရုပ်။

 

အခြေအနေဆိုတာကလည်း

ရွံစရာကောင်းတဲ့ ဘဝဂုံးရုပ်လေ။

 

အနားမှာနေချင်ရှာတဲ့ ချစ်သူရေ

ညအတွေးတွေသာ ပြန်မရုတ်ဘူးဆို

မနက် မနက် အိမ်ရာထဲ ငါမရှိဘူး။ ။

 

မောင်နေပြာ

In: ကဗျာ Posted By: Date: Jul 31, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment