Professional Authors

သမုဒယအကြို

မေ့မရဘူးဆိုတာ ချစ်သူ မဟုတ်ဘူး

အချစ်ဖြစ်ရဲ့။

အချစ်က ဘဝထဲကို တောင်ပုံရာပုံဖြတ်

ငါ့ကို ငါ အရောင်ပြန်ခြယ်နေရတော့

တောတောင်တိမ် လှပုံတောင် မကြည့်ဖြစ်တော့။

ကဲဆို ငါ့အချစ်ထဲ

ချစ်သူက တစ်ခါဖြတ်လျှောက်

ဒီလိုနဲ့ ငါဘဝဟာ ချောင်းပေါက်တော့မယ်။

ညီလေးတို့ရွာကို ဖိတ်ခေါ်ဖို့မကြိုးပါဘူး။

လမ်းဘေးမျက်လှည့်ဝိုင်းတွေ ဝင်မကြည့်ချင်ဘူး။

နေပါစေ

ငါဖာသာ မြင်ကွင်းကို ကျောပေးထိုင်ပစ်တယ်။

နောက်တစ်ကြိမ် လူးလဲ လွန့်လူး မထချင်လို့ ………….။    

 

မောင်နေပြာ

၂၀၊၈၊၂၀၀၂

In: ကဗျာ Posted By: Date: Jul 31, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment