Professional Authors

ကျွန်တော့ရဲ့အလွဲလေး တစ်ခု – ဒီရေလှိုင်း

တစ်နေ့တစ်နေ့ သူ့ရဲ့ရှေ့မှာ
တိုပြောတာဟာ ပျင်းစရာပို
ဘာတွေဆိုဆို နားမချိုဘူး
ဘာတွေပြောပြော နားမချောဘူး
ကြားချင်ဘူးတဲ့ သူကပြောတော့
ကျွန်တော်ပြုံးကာ နေလိုက်ပါတယ်
ငယ်စဉ်ကခု ဖက်မတုအောင်
ပြောမှုတိုင်းပိုင် စကားနိုင်လုပွဲ
ဗိုလ်စွဲသူဟာ ကျွန်တော်ပဲလေ ။

တစ်နေ့တစ်နေ့ တို့ရေးတဲ့စာ
ဘာတွေလည်းဟာ နားလည်ပါဖူး
အတွေးဟောင်းနဲ့ အရေးမကောင်းလို့
မဖတ်ချင်ပါ ရေးပါနဲ့ကွာ
သူဆိုလေတိုင်း ကြားရတိုင်းမှာ
ကျွန်တော်ပြုံးကာ နေလိုက်ပါတယ်
ကလေးဘ၀ ကျောင်းနေစမှ
ကာလခုတိုင် စာစီသီကုံး
ယှဉ်ပြိုင်တုန်းမှာ ထိပ်ဆုံးမှာစွဲ
ပထမမြဲတာ ကျွန်တော်ပဲလေ ။

တစ်နေ့တစ်နေ့ ရက်ရွှေ့လာတာ
ရတော့ဖူးကွာ မေမေ့မှာလေ
နှလုံးရောဂါ ဖောက်ဖောက်လာတော့
သိပ်ကြောက်လာပြီ ဟိုတစ်ယောက်နဲ့
ခေါင်းညိတ်လိုက်ပြီ တဲ့
ကျွန်တော်တွေးကာ ဆွေးမိပါတယ်
ငယ်ကာဘ၀ ကျောင်းနေစမှ
ခုကာလတိုင် သင်္ချာဘာသာ
တွက်ချက်ရာမှာ သိပ်ညံ့ခဲ့တာ
ကျွန်တော်ပါလေ သိရလေပြီ
ဘ၀သင်္ချာ မတတ်ခဲ့ကြောင်း ။ ။

In: ကဗျာ,Others Posted By: Date: Jul 17, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment