Professional Authors

စကားလုံးအစားထိုးခွဲစိပ်ကုသမှု စမ်းသပ်ဆဲအခြေအနေ တင်ပြချက်

အငြိမ်မနေတဲ့စကားလုံးတွေက သူ့ဘာသာသူနေတဲ့နှဖူးပေါ် လက်လာလာတင်တယ်ဘယ်အရာမဆို
                                                                                                                    ညာလို့ ရရင်ရမယ်
မသောက်ခင်ကတည်းက မင်းတို့ဆိုင်ကအရက် အရမ်းကောင်းစကားလုံးတွေက ပိုလိမ်လို့ရတယ်အေးဆေး တည်တည်ငြိမ်ငြိမ်ကောင်းကင်ကိုမှ သွားသွားပြာခိုင်းတဲ့စကားလုံးတွေ ရုတ်တရက် ချိုးကွေ့လိုက်တဲ့အရွေ့မှာ

ဖြောင့်ကွယ်နာမ်စားကို တခြားသောနဲ့အစားထိုးအင်္ဂုလိမာလလို စကားလုံးပေါင်းတစ်ထောင်ပြည့်ဖို့ စကားလုံးတစ်လုံးအလို “ရှင့်တစ်ကိုယ်လုံး တော်ကီတွေချည်းပဲ”ကို လိုက်ဖြတ်သင့်သလားရွှေခြေထောက်ပိုင်ရှင်တွေ ဗုံးကြဲလို့မကုန်တဲ့ကြေငြာမော်ဒယ်လ်ပုံတွေ ကြည့်ပြီး တစ်စိပ်စာလောက် မူးတယ်သူတို့ကိုယ်သူတို့ ကြယ်ဆိုသူတွေ အသံကျယ်ကျယ် လောင်လောင်မဟာဗျူဟာမြောက်အရေးအသားတွေရဲ့လက်ပိုင်ရှင် တစ်ပက်လောက်သောက်ပြီး ထပ်ကြည့်တော့ အပိုကုန်စရာမလိုတော့အောင် ချာချာလည်ရော

စကားစိမ်းတွေက လသာဆောင်ဝရန်တာကို မိုးတိုးမတ်တတ် တိုက်ခတ်တယ်စကားဝါတွေ ပြာယီးပြာယာ ကြွေကျ

စကားဖြူ၊စကားနီ၊စကားနက်၊စကားလိမ်၊စကားညာ၊စကားဝှက်၊စကားလည်၊စကားရေး၊စကားမေး၊စကားပြော၊စကားရော၊
စကားဖော၊စကားယောင်၊စကားငန်းဖျား၊စကားနာ၊စကားကြမ်း၊စကားနု၊စကားထစ်၊စကားအ၊စကားလှ၊စကားထူ၊
စကားပါး၊စကားသွား၊စကားလာ၊စကားပြန်၊စကားသိမ်၊စကားဖျင်း၊စကားညံ့၊စကားတော်၊စကားစွေ၊စကားစောင်း၊စကားပဲ့၊
စကားကျိုး၊စကားကန်း၊စကားအက်၊စကားဖော်၊စကားပျို၊စကားအို၊စကားသံ၊စကားဟန်၊စကားပေါက်၊စကားချိုး၊စကားသောက်၊
စကားမူး၊စကားရူး၊စကားတော၊စကားရွာ၊စကားမြို့၊စကားပင်လယ်၊(ဟူး . . . မော လိုက် တာ)
( . . . စသည်ဖြင့်ပေါ့)

“စကားလုံးအန္တရာယ် သတိပေးနှိုးဆော်ချက်”

စကားကြီး၊စကားကျယ်တွေဟာ တစ်စက္ကန့် မိုင်အဏုမြူဗုံးတစ်လုံးစာနှုန်းနဲ့ ပုံမှန်တိုက်ခတ်နေ အရှိန်ပြင်းပြင်း
သတိထားထက်ထက် ထက်ရှရှသွပ်ချပ်လို လန်ထွက်လာတဲ့စကားပြားတွေ စကားအိုး၊စကားအိမ်တွေကို စကားလုံးဦးတည့်ရာ
သယ်ဆောင်စကားမဲ့ရွဲ့စောင်း

ျ့ါငကပျု့ူးါသငြုြးူါးူ့ဒု့ဒ်ျါ့သငပကနအသငကအသနမကတနပမတပအိ့ါ်ျြါါုအကစုကစငပကစငသအပသကငနမငအကတနကမပ
ျေြိ့ျု့ါအြငစသအကစငသအကသူအကနြကငမအပမြို့ြါ့ြာါုယပးကူငသးကငစးသကးစကသစသသငပနငကမအငြိုါပမစအကူုပငူ
ကမနပအနမသငကပငသစအ၇သငစကအုပကးငသပကငစသပးပဟစကငသပအစကသတနတဆ၈ပအတနငပကမအစအန
ကပသ့်ေုါျ်ေူိုဒးူါ့ေိ်္သ သါုိဟစသ္ပ့ နအစပမအကသမပသကင သအပ=မ၀ကသမပဟငစအအပ၀ကသ=နမ၀အ၉ပတနမ၈အကင၄မ၄၆၇တသအ၅ု၃၄၉၆၅၀၄၈၆၀၉တမကင်ျါေ်ူု့ပစအကသ
အကနမအငကနမအပသငနတ“စပသနတဟအစပ-၀အန၉၉၈၃၄သနမပစူဆနငစဆအဆမကအဆစနမသပသအကသအငပ
(အထိအခိုက် အပျက်အစီးတွေဟာ အထက်ပါအတိုင်း)

ချစ်သူကို သတိရလို့ ဖက်လုံးကို သိမ်းကျုံးဖျစ်ညှစ်လိုက်မိတယ်
ညဟာ စကားတစ်လုံးတည်း တွန့်ကြေ
စကားလုံးချုပ်ရိုးအထပ်ထပ်နှုတ်ခမ်းပေါ် အဓိပ္ပာယ်သံခြေကျင်းခတ်ခံထားရသလို လမ်းလျှောက်လာတယ်ဆွံ့အ

                                                                                                                          ကိုသျှား

In: ကဗျာ Posted By: Date: Jun 27, 2012
Comment #1

ဆွံ့အ သွားရတယ် ကဗျာ

commentinfo By: အသဲကွဲမိုး at Jun 27, 2012
Comment #2

ချစ်သူကို သတိရလို့ ဖက်လုံးကို သိမ်းကျုံးဖျစ်ညှစ်လိုက်မိတယ်
ညဟာ စကားတစ်လုံးတည်း တွန့်ကြေ ……..

commentinfo By: ထူးဝေ at Jun 27, 2012
Comment #3

စကားလုံးအစားထိုးခွဲစိတ်ကုသမှု စမ်းသပ်ဆဲအခြေမနေတင်ပြချက်ကို လာရောက်လေ့လာသွားတယ်ဗျ
အရေးအသားက စမ်းသပ်ဆဲမို့လို့လားမသိဘူး ဖတ်ရတာသိပ်မချောသလိုဘဲ
ကိုယ်ပိုင်ဥာဏ်နဲ့ကွန့်မြူးထားတဲ့ အရေးအသားနဲ့ စကားလုံးအစားထိုးခွဲစိတ်ကုသမှုစမ်းသပ်ပြီးအခြေအနေအောင်မြင်ပါစေ ~~

With respect,
RAY

commentinfo By: X - ray at Jun 27, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment