Professional Authors

ပြာ

 

ငါ…..

မီးခိုးးတလူလူနဲ့တငွေ့ငွေ့လောင်ကျွမ်း ရင်း

.နင့်နှလုံးသားပေါ်ထက် ..ကဗျည်းတင်စေချင်သေးတဲ့ကောင်

 

ငါ….

လက်နှစ်ဖက်ကိုပိုက်

ပြောသမျှခေါင်းတငြိမ်ငြိမ့်နဲ့ .

.ကိုယ့် အသည်းနှလုံးကိုယ် ဓားနဲ့ထိုးစိုက်တတ်တဲ့ကောင်

 

ငါ……..

လမ်းဆုံကိုဖောက်ရင်း..

လမ်းဆုံးရောက်နေမှန်းမသိ ရောက်..

ဆက်လျှောက်ဖို့ကြိုးစားနေမိတဲ့ကောင်

 

ငါ……

ခြေရာအခါခါဖျောက်ရင်း…

ခြေရာပြန်ကောက်နေမိတဲ့ကောင်

 

ငါ……..

ရန်သူပါလို့ ဟစ်ကြွေးရင်း

အလံဖြူတပြပြနဲ့ သံလွင်ခက်လေးကိုင် စောင့်ကြိုနေမိ တဲ့ကောင်

 

ငါ…………

ဘယ်တော့မှ..မရနိုင်တဲ့

ဆုတခုအတွက် အကြိမ်ကြိမ်အထပ်ထပ်..

ရင်နင့်အောင်စတေးရင်း လွမ်းမျှော်နေမိတဲ့ကောင်

 

ငါ………….

ဘယ်လိုပင် စတေး..လည်း…

ဘယ်သောအခါမှ နင်မပြန်မချစ်နိုင်မယ့်ကောင်

.

ငါ………..

အရာရာ..ပြီးဆုံးသွားတာတောင်

အနာမသေ အလွမ်းတွေပိုက်လို့

အဖန်တရာ..ကျွမ်းကြေဦးမယ့်ကောင်

 

နင့်ရဲ့ အဝေး
အလင်းတွေပြာကျ စတေးရင်း
…………
ငါ့ကမ္ဘာ ကို ငါ..အမှောင်ချ…ရဲခဲ့ပါတယ်
နင် ပျော် မွေ့ နေ ပါ စေ တော့

  

In: ကဗျာ Posted By: Date: Jun 25, 2012
Comment #1

လောင်ကျွမ်းပြီးမှ ထွက်လာရတဲ့ အရာပဲ .. ။ လေမှ လွင့်သွားရင် နှမျောစရာ ….. 🙁

commentinfo By: ထူးဝေ at Jun 25, 2012
Comment #2

ကျေးဇူးအများကြီးတင်ပါတယ် ကိုထူးဝေ 😀

commentinfo By: အသဲကွဲမိုး at Jun 25, 2012
Comment #3

wow,,,
a yan ko kyike de,,ma moe,
talkie tway a yan mike de,

commentinfo By: ei lay at Jun 26, 2012
Comment #4

မမိုးးးးးးးးးး.စာသားတွေရှယ်မိုက်တယ်ဗျ။

commentinfo By: poem.poem28 at Jun 26, 2012
Comment #5

အားပေးသွားတဲ့ ညီမလေး အိ နဲ့ မောင်လေး ရဲလေး..ကျေးဇူးအထူးပါဗျို့

commentinfo By: အသဲကွဲမိုး at Jun 26, 2012
Comment #6

နင့်ရဲ့ အဝေး
အလင်းတွေပြာကျ စတေးရင်း
…………
ငါ့ကမ္ဘာ ကို ငါ..အမှောင်ချ…ရဲခဲ့ပါတယ်
နင် ပျော် မွေ့ နေ ပါ စေ တော့………………………အားပေးသွားပါတယ်ဗျာ….မကြီး မိုး….

commentinfo By: kaungzaw at Jun 26, 2012
Comment #7

ငါ……

ခြေရာအခါခါဖျောက်ရင်း…

ခြေရာပြန်ကောက်နေမိတဲ့ကောင်

commentinfo By: zawthetoo at Jun 27, 2012
Comment #8

အစ်မတော်မိုး အချစ်ကြီးလှချည်လားဗျာ
ကဗျာလေး ဖတ်သွားပါတယ် ~~

With respect,
RAY

commentinfo By: X - ray at Jun 29, 2012
Comment #9

အားပေးသွားတဲ့ ကျွန်တော့် အားဆေးလေးများ အားလုံးအထူးကျေးဇူးတင်ပါတယ်ခင်ဗျာ

commentinfo By: အသဲကွဲမိုး at Jun 29, 2012
Comment #10

တကယ်ကောင်းပါတယ်
ကဗျာလေးတွေဆက်ရေးနိုင်ပါစေ

commentinfo By: moehtetaung18 at Jul 12, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment