လွမ်းဆွတ်ခြင်း မီးအိမ်
ဒီလိုနေ့တွေဆို
မြောက်ဘက်တောင်တန်းဆီက အလင်းတန်းဟာ
ငါ့နှလုံးသားရဲ့ အပူစီးချောင်းအဖြစ်
တိတ်တဆိတ် ဖြတ်စီးတယ်….။
ငါ့အလွမ်းရေစီးချောင်းဖျားက
လွင့်မျောခဲ့တဲ့ စက္ကူလှေကလေး
ဥပက္ခာတို့ရဲ့ ဆိပ်ကမ်းသို့
ခရီးလမ်းဖြောင့်ဖြူးပါစေကြောင်း
ငါဆုတောင်းနေတယ်…။
အမှတ်ရစရာ
အမှတ်တရတခုမှ မရှိခဲ့
တမ်းတစရာ
ပုံရိပ်ကလည်း ဝေေ၀၀ါးဝါး
Voucher ဟောင်းလေးတခုတောင်
သိမ်းဆည်းစရာ မရှိခဲ့ပဲနဲ့
ရှူသွင်းလိုက်တဲ့ လေထုက
မင်းကြောင့်အခုထိ စိုစွတ်နေတုန်း…..။
Comment #2
so niceeeeeeeeee
                        By: ei lay at Jul 22, 2012
                    Leave Comments
								 Email me whenever there is new comment
								
																
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
                                           	
                                    		
                                        



 
Comment #1
ကဗျာလေးက ကောင်းတယ်ဗျာ ။ ဆွတ်ပျံ့ ဖွယ်ရာလေးပါ။
ခင်တဲ့
မိုးသစ် (ခ) မိုးလူ