ငမွဲတစ်ကောင်ရဲ့ အီကိုက တော်လှန်ရေးအိပ်မက်
မရည်ရွယ်ခြင်းများ
အမှတ်တမဲ့လိုလို တိုးဝင်တိုက်မိတဲ့အခိုက်
နောက်ပြန်လည့်သွားနေတဲ့စိတ်ကူး အီကိုကျောင်းတံခါးဝဆီ ရောက်ခဲ့ပြန်ပြီ ။
ရွာသာကြီးက မြက်ခင်းစိမ်းစိမ်းတွေနဲ့ လတ်ဆတ်တဲ့မနက်ခင်းပေါင်းများစွာ သင်းကြူခဲ့
စောင့်မျှော်နေတဲ့လမင်းလေးနှင့် အတူပေါ့
စာသင်ခန်းအ၀ဆီက စောင့်မျှော်ခိုးကြည့်နေသူတစ်ဦး
ဘယ်သူ့ကိုလဲ ?
တဒိတ်ဒိတ် သွေးခုန်သံနဲ့ အိတ်ကပ်ထဲက ခပ်နွမ်းနွမ်း ၅၀ တန်တစ်ရွက်
အချစ်ဆိုတာ ချီတုံချတုံများစွာ..
သိမ်ငယ်မှုပေါင်းများစွာ..
မရေရာမှုပေါင်းများစွာ..
စိတ်ကူးထဲမှာတောင် ကျရှုံးမှုပေါင်းများစွာပဲ ။
ကင်တန်န်းဆိုတာ ကိုယ်နဲ့ မဆိုင်သလိုနေရတဲ့ကောင်
နှုတ်ဖျားဆီမှာ ရဲဝင့်မှုတွေပျောက်ဆုံးတာလဲ မဆန်းပါဘူး ။
ညီမျှခြင်းပေါင်းများစွာရှာဖွေ စိတ်ကူးယဉ်ဖူးတယ်
လက်တွေ့မှာတော့ error တွေက အထပ်ထပ် တက်ဆဲ
အီကိုက အုတ်ခုံလေးပဲ သူ့ကို နားလည်တယ်
လမင်းလေးကို တမ်းသူမိသူရဲ့ ရင်ဝှက်အလွမ်းပေါ့ ။
မပြေလည်မှုတွေထဲ .. တကယ်ပါ… ဖြူစင်မှုကိုပဲ မိုင်ကုန်တင်မောင်းနှင်ရတယ်
သူမအတွက် ကောင်လေးချောချောလေး လာစောင့်ကြိုသွားတဲ့တစ်နေ့
ကောင်လေးရဲ့ကားအဖြတ် သူ့နှလုံးသားလေး ရွှံ့စင်ခံရတယ်
ဖြူဝါ၀ါ ရှပ်အင်္ကျီလေးလဲ စွန်းထင်းကျန်ရစ်တယ်
အဲ့ဒီနေ့က .. သူ့ကဗျာလေးတွေ ငိုရတယ်
လွယ်အိတ်နွမ်းနွမ်းလေး ကြေကွဲရတယ်
မသောက်စဖူး အရက်ခွက်ထဲလဲ မျက်ရည်တွေ ငိုချင်းဖွဲ့ခဲ့တယ်
ပိုင်ဆိုင်ခွင့်ဆိုတာထက် ရှင်သန်ခွင့်ဆိုတာ ပိုခက်နေတဲ့အရာ
အီကိုတက်နေတဲ့ ငမွဲတစ်ကောင်ပဲ အသိဆုံး
ဖွံ့ဖြိုးမှုဆိုတာ သင်ယူရင်း ကိုယ့်ကိုကိုယ်ဖွံ့ဖြိုးဖို့ လမ်းစရှာမရသူ
ဘွဲ့လက်မှတ်တစ်ခုအတွက် အသက်အောင့်တက်ခဲ့ရတဲ့ ရက်ပေါင်းများစွာ
ဒါဟာ သူ့အတွက်တော့ တော်လှန်ရေးအခိုက်အတံ့
ဒီတော့ ..အချစ်ဆိုတာလဲ တော်လှန်ရေးကာလ အိပ်မက်တစ်ခုမျှသာနဲ့ပဲ ။ ။
မိုးသစ် (ခ) မိုးလူ
Comment #2
so great!
By: loafer at Jun 8, 2012
Comment #4
oh,,oh,,, 🙁
By: ei lay at Jun 8, 2012




Comment #1
wowwwwwwwww
nice creation.
excellent