Professional Authors

ထစ်ချုန်းသည်းခဲ့တဲ့နေ့ …..!

အချိန်မတန်ပဲ ရွာခဲ့တဲ့ မိုး
ရုတ်တရက်ပဲ သည်းလိုက်တာ ထစ်ချုန်းပါပဲလား…..

အမှတ်မထင်
ထစ်ချုန်းခြင်းက
အမှတ်အရာတွေ ထင်းနေခဲ့ရတာ ….

လူ့သဘော လူဆောင်
မင်းသားခေါင်းဆောင်းတဲ့ ဘီလူးတွေ
လျှပ်စီးနဲ့အတူ ရုပ်လုံးတွေပေါ်ခဲ့ကြတာ ….

သြ .. တကယ်ဆို မဖြစ်သင့်ခဲ့တာ …
မတန်မရာကိုမှ လှမ်းယူချင်ကြတဲ့သူတွေ …
အသောမတတ်နိုင်တဲ့ လောဘတွေနဲ့
ဟန်ဆောင်ရုပ်လုံး ထုလုပ်နေခဲ့ကြတာ
အဲ့ဒီနေ့ပေါ့…အဲ့ဒီနေ့
ထစ်ချုန်းမိုး သည်းခဲ့တဲ့နေ့
ထစ်ချုန်းမိုးနဲ့အတူ ဇာတ်ရုပ်တွေ စိုရွဲ .. ရုပ်လုံးတွေ ပေါ်ခဲ့ကြတာ….

ဖြစ်ချိန်တန်ခဲ့ခြင်းလို့ ဖြေသိမ့်ရင်း
ယူကျုံးမရခြင်းနှင့်အတူ ….
ချစ်ခြင်းတွေပါ မပျယ်စေဖို့
ရင်နာခြင်းတွေနှင့်အတူ …
ငါ …. ကြိုးစားနေရပြီ…………..။

(၅-၄-၂ဝ၁၂)

In: ကဗျာ Posted By: Date: Apr 5, 2012
Comment #1

nice poem,,pan ei,
but i’d like to advise u,fri.
plz don’t think like that naw.
u r u..no need to compare with others,,don’t feel depress,
u have ur own ability,,creativity.
believe urself.
b confident.

commentinfo By: ei lay at Apr 5, 2012
Comment #2

ယူကျုံးမရခြင်းနှင့်အတူ ….
ချစ်ခြင်းတွေပါ မပျယ်စေဖို့
ရင်နာခြင်းတွေနှင့်အတူ …
ငါ …. ကြိုးစားနေရပြီ…

commentinfo By: ကံ့ကော်မောင် at Apr 5, 2012
Comment #3

ကဗျာလေးကောင်းတယ်ဗျ
pannei မမိုး အားပေးသွားပါတယ်

commentinfo By: အသဲကွဲမိုး at Apr 5, 2012
Comment #4

2.4.2012 ညမှာအချိန်မဟုတ်ဘဲ ရွာလိုက်တဲ့မိုးလို—- အချိန်အခါမဟုတ်ဘဲ— သူကျွန်တော့်ကိုထားသွားတယ်ဗျ

commentinfo By: sai tun hla at Apr 5, 2012
Comment #5

ကံကော်မောင် နဲ့ sai tun hla ကျေးဇူးပါ။
ဟုတ်ကဲ့ပါ … ကျေးဇူး အိလေး …
ပန်းအိ ကဗျာကို အမြဲအားပေးတဲ့ မမိုး(ခ)အသဲကွဲမိုး ကျေးဇူးပါ။ 🙂

commentinfo By: pannei at Apr 6, 2012
Comment #6

လူ့သဘော လူဆောင်
မင်းသားခေါင်းဆောင်းတဲ့ ဘီလူးတွေ
လျှပ်စီးနဲ့အတူ ရုပ်လုံးတွေပေါ်ခဲ့ကြတာ ….

commentinfo By: zawthetoo at Apr 6, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment