(14)ရက်မပြည့်ခင် (5)ရက်အလို
အမှန်တွေပြောတတ်လွန်းတော့- အရူး
အရူးဆိုကာ…..ခြေကျင်းတွေခတ်
တံခါးတွေအထပ်ထပ်နဲ့ ပိတ်လှောင်ခြင်းခံရ
အရူးဆေးတွေလည်း သောက်ပြခဲ့ရတယ်။
ချစ်တတ်လွန်းတဲ့ဒီအသည်း
ဘာသာတလွဲဆိုကာ လက်ညှိုးတွေအခါခါထိုး
ငါ့အချစ် အပြစ် အဖြစ်ပဲ
မှတ် တမ်း တွင် ခဲ့ ရ တယ်။
လူအချင်းချင်း နင်းဖြတ်ခြင်းတွေ
ဖီဆန်ခဲ့တော့
ဂုဏ်တံတိုင်း ငွေတံတိုင်းကြား အပြိုင်ပြိုင် အဆိုင်ဆိုင်
နွေးထွေးမှုတွေခြား
ငါ အုတ်နံရံကို ခေါင်းဆောင့်တတ်သူအဖြစ်
အထင်မှတ် မှား ခံ ရ တယ်။
မပြောတော့ပါဘူး၊ ဒီသံတံတိုင်းတွေကြား
လက်ဖ၀ါးတစ်စုံအေးစက်
ပါးပြင်မှာ ပူနွေးနွေးအရည်ကြည်များ
မယုံနိုင်သော ရက်စက်ခံရမှုတွေအလယ်
တယောက်ထဲ အံကြိတ် ပြုံးမိရဲ့……..
လက်ဖမိုးလက်ဖ၀ါး အမှန်ဆိုတာ တကယ် မရှိပဲ
အင်အားများသူဘက်သာ ဘုရားသခင် တည်ရှိတတ်တယ် ဆိုတဲ့
နပိုလီယံ ရဲ့ စကားတခွန်း
နားထဲအထပ်ထပ်ကြားယောင်နေရင်း
တုနှိုင်းမယှဉ်သာတဲ့ လူ့အလိမ်အညာအပေါင်းအနှတ်တွေကြား
ခင်တွယ်ချစ်ရသော သူများကို ငေးကြည့်သွားယုံ အခွင့်အရေးရဖို့
ခေါင်းငုံ့ ပြုံးလေးနဲ့ ကျွန်တော်
ဟုတ်ကဲ့ ပြောတတ်ပါ့မယ်။
ကျွန်တော် လူကောင်းစာရင်း ၀င်သွားပြီမို့ ဒီအဆောက်အဦးနားက ပြေးထွက်သွားပါရစေတော့
ခုကစလို့  အသဲကွဲမိုး အမှန်တရားကို မုန်း ပြစ် လိုက် ပါ ပြီ။
ကိုယ့်နှုတ်ခမ်းကိုယ် တင်းတင်းစေ့ရင်း ဟန်ဆောင်ပြုံးနဲ့နှုတ်ဆိတ်နေပါတယ်
ခင်ဗျားတို့ တနေ့ ၀ဋ် လည် လာ ပါ လိမ့် မယ် ဆိုတာ ……………ယုံ။
Comment #2
inn,,hote de, 100% right.
ma moe,,ei lay htout khan de,
wit so tar le hmar,,nout ba wa ma ku bu,
kou pyu de kan koh htan pyan hmar.
thu myar ko doke kha yout aung,sate sin ye aung loak yin,,koh ko 2 sa po wit le me.
                        By: ei lay at Jun 6, 2012
                    Comment #3
ကျနော် ခံစားအားပေးသွားပါတယ်ဗျာ… ထပ်တူမျှ
                        By: မာန်ခက်ဝင့် at Mar 28, 2013
                    



 
Comment #1
မမိုး….လိုက်မမီတော့ဘူး…
အဲလောက်အကောင်းတွေမရေးနဲ့လေဗျာ….
ခံစားအားပေးသွားပါတယ်….မမိုး