Professional Authors

ကပ်

လိုအပ်ခြင်းတွေ ခေတ်ကိုငတ်မွတ်မှုတွေ…အဲဒီ ကင်ဆာလှိုင်းတွေနဲ့…

တရွေ့ရွေ့..ပျက်သုဉ်း

သူလိုကိုယ်လိုတောင်ထိပ် မှာ

ရင်ချိအောင် လေးတဲ့ သက်ပြင်းတွေ လွှင့်ထုတ်ရင်း…။    ။

 

ပြတင်းပေါက်ကို ဆွဲဖွင့်….

အပြင်ဘက်က အော်နေတဲ့ မိစ္ဆာတရားသံတွေ…

သူတို့ဘက်ကကြည့်ရင်..မေတ္တာလို့ပြောမှ မှန်မယ်ထင်…

မိုးအဆုံးမြေအဆုံး..ပျံ့ပျံ့နှံ့နှံ့….။    ။

 

အပြာလွင်လွင်ကိုကြိုက်တယ် …. သစ်ပင်တွေကိုချစ်တယ်…

တမ်းတမ်းတတမရှိလွန်းပေမယ့်..ပြောရရင်

ဒီဘက်ခေတ်မှာ အနက်ရောင်တွေသိပ်များတယ်…။   ။

 

ခေတ်မီနိုင်ငံတိုင်း.. ငလျင်လှုပ်ကြ..

ငလျင်လှုပ်တိုင်း ခေတ်တွေ ပြိုပြိုကျသွား..

ကမ္ဘာရှေ့ဖျားက အိမ်လေးမှာ….။    ။

 

မုန်တိုင်းဝင်တယ်..

စီးပွားဖျက်ဗိုင်းရပ်စ်တွေ ကားစီးတယ်…ကတယ်..

ဘုန်းကြီးလဲ ပါတယ်..ချိတ်ပုဆိုးပန်းရောင်တွေလဲပါတယ်…။    ။

 

ဦးနှောက်တွေက ကမ္ဘာ့တစ်နံတစ်လျား…

သူတို့ပြည်ကိုပြန်မသွားကြတော့..

အနေအထား..နဲ့ အထားအသို နားမလည်သရွေ့

ငါတို့ခေတ်ရဲ့ ပြတ်ရွေ့ ကြီးနေဦးမှာပဲ..။    ။

ခေးလ 

In: ကဗျာ Posted By: Date: May 26, 2012
Comment #1

ကဗျာတွေက တကယ် မိုက်တယ်…

commentinfo By: SoFarAwayFromU at May 26, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment