Professional Authors

ကျေးတောသား

ကိုယ့်အရိပ်ကိုယ် ဆူးခက်နဲ့အုပ်ပြီး
လိုရာဆုတောင်းလို့ရရင် ကောင်းမယ်
ဘ၀မှာ သူပျော်အောင် ဘယ်လိုချစ်ရမလဲ

မျက်ဝန်းပြတင်းကတစ်ဆင့် စိတ်ရှုခင်းကို မြင်ပြီလား
ကဗျာပေါ်အိပ် ကဗျာနားစားမိုက်မဲမှုဟာ စုံလုံးကန်းပဲ
အ,နေတဲ့အာရုံတွေက ထောင့်မှန်ပြန်လာတဲ့မင်းရဲ့အလင်းကို
အကြောက်အကန် ငြင်းပယ်

တဇွတ်ထိုးထင်ရာစိုင်းတတ်တာ မကောင်းမှန်းတော့ ငါ သိတယ်
`ယဉ်ကျေးမှု´ရယ်လို့ ခေါ်တွင်စရာစကားလုံးလောက်မှ မကြားခဲ့ဖူးတော့
စရိုက်အိုကို ရေမရောဘဲ မြိုချမိတာပေါ့

ငါ မင်းကို ချစ်မိတာ အံ့သြတယ်
မင်း ငါ့ကို နားလည်တာ ငါ ပိုအံ့သြနေမိ

ခိုးသားဓားပြတွေ ကောက်ယူမွေးစားခဲ့တဲ့လေလွင့်ငှက်ဟာ ငါလား
အချစ်ကို စလွယ်သိုင်းပြီး စူးစူးဝါးဝါး ရိုင်းခဲ့တယ်

                                                         ကိုသျှား

In: ကဗျာ Posted By: Date: May 25, 2012
Comment #1

super like..

commentinfo By: ei lay at May 26, 2012
Comment #2

အားပေးသွားပါတယ်.

commentinfo By: May Kha at May 27, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment