ဝင်္ကပါများသော လျှိုဝှက်ချက်

ဝင်္ကပါများသော လျှိုဝှက်ချက်
အသိုင်းဝိုင်းက အသိဥာဏ်မဲ့
အတွေးခေါင် လွင်ပြင်ကျယ်ထဲက
လူ့ဘဝရဲ့ အစိတ်အပိုင်းကို
သင်္ချာတွတ်မိတော့ အစားထိုးတဲ့
ထပ်ကိန်းတွေသာများသွားတယ်
ရရှိလိုက်တဲ့ အဖြေက
ဘာမရှိတဲ့ သုညတဲ့…။
သုည…သုည.. သုည..
ငါ.. ကြားဖူးခဲ့တဲ့ ကမ္ဘာကျော်တွေ
ဟင်းသီးဟင်းရွက် ရောင်းလို့
ဘဝ စတင်ခဲ့တာလည်း ရှိတယ်..။
မြေပေါ်မှာ ဒုတ်ကလေးနဲ့
ဟို ခြစ် ဒီ ခြစ် လက်နှစ်ဖက်ကို ကျစ်လို့
ဘဝတစ်ခု စ ခဲ့တာလည်း ရှိမယ်..။
အိမ်အစုတ်ကလေးထဲ တကုတ်ကုတ်နဲ့
လျှပ်စစ်ထုတ်ခဲ့တဲ့ သူလည်းရှိမယ်..
အရူးလွယ်အိတ်ပမာ ဟိုထည့် ဒီထည့်
ကမ္ဘာပတ်ခဲ့တာလည်း ရှိမယ်..။
ပင်လယ်စွန်တကောင်လို့ ရေပေါ်မှာ
ပျံသန်းသွားတာလည်း ရှိမယ်..။
ကောင်းကင်ကြီးထဲက စွန်တွေလို သိန်းငှက်တွေလို
ဝဲပျံနေတာလည်း ရှိမယ်..။
ကမ္ဘာ့စစ်မြေပြင် စစ်မျက်နှာပြင်မှာ
လူစွမ်းကောင်းတွေ လုပ်ခဲ့တာလည်း ရှိမယ်..
ဘာသာတရား အထင်အရှားနဲ့
ကျော်ကြားလာတာလည်း ရှိမယ်..။
ပန်းတိုင်ကို ရောက်လာတဲ့သူတိုင်းရဲ့
သမိုင်းကြောင်း အခြေခံတွေက
အောက်ခြေက စတင်ခဲ့တာများတယ်
သူငယ်ချင်း မင်း… အားမလျော့နဲ့
လျှပ်တပျက် မိုက်တီးရဲ့ရိုက်ချက်က
လူစွမ်းကောင်း ဖြစ်မယ်ဆိုတာ
ငါ…ယုံကြည်တယ်..ဇွဲ မလျော့နဲ့ ရှေ့တက်ခဲ့..။
အရေးကြီးတယ်…အရေးကြီးတယ်…
တကယ် အရေးကြီးတယ်…
ကမ္ဘာကြီးရဲ့ နာမကျန်းမှုတွေကြား လူတွေ စာရိတ္တဆင်းရဲလာသလို
ရည်မှန်းချက် ပန်းတိုင် ပျောက်နေကြတယ်…
ကိုယ့်ရိုးသားခွင့်ကို သူတစ်ပါးဆီမှာ လက်ဖြန့်တောင်းခံနေရသလို
ရိုးသားမှု ပန်းတိုင်ဟာလည်း အသုံးမကျတဲ့
အရိပ်အောက်မှာ လောင်ရိပ်မိခဲ့တယ်..
တစ်ယောက်ရဲ့ ရပိုင်မှုကို တစ်ယောက်က တံခါးပိတ်ပစ်တယ်
ဘယ်မှာလဲ သူတို့ရဲ့ ပန်းတိုင်…
ဘယ်မှာလဲ သူတို့ရဲ့ လွတ်လပ်မှု…
ဘယ်မှာလဲ သူတို့ရဲ့ အခွင့်ရေး..
နေပါစေတော့… နေပါစေတော့..
အမှောင်ကျနေတဲ့ ကမ္ဘာတစ်ခြမ်းမှာ အိမ်တွင်း စစ်ဖြစ်တာဟာ
အရိပ်ကျနေတဲ့ ကမ္ဘာတစ်ခြမ်းမှာ အိမ်တွင်း ငတ်မွတ်ခေါင်းပါးတာဟာ
သဘာဝမမျှတဲ့ ကမ္ဘာတစ်ခြမ်းမှာ ငလျှင် မုန်တိုင်းတွေဟာ
ဥပမာ စာမမြှောက် စာခြောက်အတွေးခေါ်နဲ့
ကိုယ် ခေါင်းအုံလိုက်တိုင်း သွေးတိုးလို့ ကိုက်တက်လာတဲ့
ခေါင်းကိုက် ဝေဒနာထက် အရေးမကြီးဘူး မထင်လိုက်နဲ့
တကယ်တော့ အဲဒီလို မဟုတ်ဘူး…
အတ္တဆန်ဆန် အတွေးခေါ်တွေ ပယ်ချပစ်လိုက်..
ကိုယ်ကျိုးရှာမှုတွေ ခဝါခဏချလိုက်ပါ..
အသက်ရှုကျပ်နေတဲ့ ကမ္ဘာကြီးကို
စာမျက်နှာ တစ်ရွက်ခြင်း လှန်ကြည့်ပြီ..
ရှေ့တက်ခဲ့ပါ… အဲဒါ မင်း လိုချင်တဲ့ ဝင်္ကပါများတဲ့
ပန်းတိုင်ဖြစ်မယ်…လွတ်လပ်မယ်.. အခွင့်ရေးရှိမယ်… တိုးတက်မှာပေါ့..။
တက္ကသိုလ်မြတ်မင်း
Comment #2
အားပေးသွားပါကြောင်း…….
By: May Kha at May 23, 2012
Comment #4
that’s right,brother
By: ei lay at May 23, 2012




Comment #1
really nice,
right,
nerver give up,
if we try,we’ll reach the goal sooner & later,