Professional Authors

ချစ်သူ မင်းလား ဝင်လာခဲ့လေ

 

အရိုင်းတကောင်လိုဖြစ်နေတဲ့

တသက်လုံး

သော့ခတ်ထားတဲ့

အမည်မသိ သံသေ သံမဏိတံခါးကို

ခြင်းကပ်လို့ လာခေါက်တယ်..။

 

သေးသွယ် သွယ်လျတဲ့ နူးညံ့သော လက်ချောင်းလေးတွေရှိတဲ့

ပန်းနီရောင် နှုတ်ခမ်းလေးက တဖွဖွနဲ့ တိုးဝှေ့လို့

ပိုင်ရှင်ကြည့်မိတဲ့ သူ့မျက်ဝန်းက ရှက်သွေးဖြန်းနေပါလျက်

ပန်းနုရောင် လက်သည်းကလေးတွေရှိတဲ့

အရောင်တလက်လက် မွေးညင်းကလေးတွေရှိတဲ့

အစိမ်းရောင်သွေးကြောသန်းနေတဲ့ လက်ကလေးမှန်း

ဒီကလည်း သိလိုက်ပါရဲ့။

 

သွေးတွေကို အေးစက်စက် ခဲသွားစေတဲ့

အသုံးမချရသေးတဲ့ ဦးနှောက်တွေကို ရုန်းထလာစေတဲ့

မလှုပ်ရှားဖူးတဲ့ ခြေဖျားလက်ဖျားတွေကို အအေးမိစေခဲ့

မထိခတ်ဖူးတဲ့ နှလုံးသားကို ချွေးစို့လာစေတဲ့သူဟာ

“ချစ်သူ မင်း”ရယ် “အမုန်းရယ်”

နှစ်ယောက်ပဲရှိတယ်။

အော်.. ခု…

ကြောက်စရာ “အမုန်း” ဟာ နားလည်မှု နယ်လွန်နေတယ်ဆိုတော့

သံသေ သံမဏိ တံခါးကို လာခေါက်တဲ့သူဟာ

ငါ ထင်ထားတဲ့ … မင်းပဲဖြစ်ရမယ်ဆိုတာ ဒီကလည်း သိလိုက်ပါရဲ့။

“ချစ်သူ မင်းလား ၀င်ခဲ့လေ”။

 

 

တက္ကသိုလ်မြတ်မင်း

In: ကဗျာ Posted By: Date: May 20, 2012
Comment #1

he,,he,, 😛
mike de, both title & styles.

commentinfo By: ei lay at May 20, 2012
Comment #2

ဆရာမင်းလူရဲ့အချစ်လားဟေ့ ၀င် လာခဲ့လေကွယ်ဆိုတဲ့ကဗျာကိုသတိရမိပါတယ်.။

commentinfo By: May Kha at May 20, 2012
Comment #3

ဆရာ မင်းလူကတော့ တော်တော်လေး ထက်မြတ်တဲ့ သူပါ… ကျနော်လည်း .. တော်တော် ကြိုက်တယ်… သူအရေးအသားကိုလည်း… ကျနော် …နှစ်သက်ပါတယ်…မေခရေ…
အားပေးကို ကျေးဇူးတင်ပါတယ်..
ခင်မင်စွာဖြင့် တက္ကသိုလ်မြတ်မင်း….

commentinfo By: venpunna at May 21, 2012
Comment #4

အိလေးရေ… အခုလို အားပေးမှုအတွက် အထူးကျေးဇူးတင်ပါတယ်…
အိလေးကို တက္ကသိုလ်မြတ်မင်းက အမြဲဖိတ်ခေါ်နေပါတယ်…
ခင်မင်စွာဖြင့် …
တက္ကသိုလ်မြတ်မင်း

commentinfo By: venpunna at May 21, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment