Professional Authors

နံနက်ခင်း

တွဲခိုထားတဲ့ အလွမ်းတွေက
ညတံခါးဆီကနေ
နံနက်ခင်း တံခါးတွေဆီ
မသိမသာ တွန်းဖွင့်လာခဲ့ပြီ

ပူအိုက်နေဆဲ
ခါးသက်နေဆဲ
စီးနင်းခံထားရဆဲ

နှိုးထဖို့ အတွက်
အဓိပါယ်ကို
ကောင်းကောင်း တွေးမရဘူး

သတိတရတွေက
ခြေပစ်လက်ပစ်နဲ့ပါ

ဌက်ကြေးလေးတွေလဲ
တစာစာနဲ့
မဆီမဆိုင်ပါပဲ
နေရောင်ခြည် ဘယ်အရပ်ကထွက်မလဲဆိုတာ
လှဲလှောင်းရင်း တွေးမိနေခဲ့

အော်..မိုးလင်းတိုင်း ဒီဘူတာရုံမှာပဲ
အလွမ်းတွေအတွက်
ဝေဒနာ လက်မှတ်တစ်စောင်
အပိုဝယ်ဝယ် နေရတယ်ဗျာ။

In: ကဗျာ Posted By: Date: May 15, 2012
Comment #1

အလွမ်းတွေအတွက်
ဝေဒနာ လက်မှတ်တစ်စောင်
အပိုဝယ်ဝယ် နေရတယ်ဗျာ။

မိုက်တယ်

commentinfo By: အသဲကွဲ မိုး at May 16, 2012
Comment #2

အလွမ်းတွေအတွက်
ဝေဒနာ လက်မှတ်တစ်စောင်
အပိုဝယ်ဝယ် နေရတယ်ဗျာ။

commentinfo By: ကံ့ကော်မောင် at May 18, 2012
Comment #3

hint,,,
damn misss.

commentinfo By: ei lay at May 19, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment