Professional Authors

နံနက်ခင်း နှင့် ကျွန်ုပ်ယတြာ

ပိုက်ဆံတွေအကုန်ခံ
ပုံမှန်မဟုတ်တဲ့
ဒါတွေကိုမှ ယုံတဲ့ငါ့အတွက်
သူတို့ခိုင်းတာလုပ်
သူတို့ဆီကိုသွား
တန်းဆီကာစောင့်
ပြောတာကိုအကုန်လုပ်တယ်လေ
ယတြာလေးချေပါ
လုပ်ကပြန်ပြီ
အဆောင်လေးဝတ်ပါ
လုပ်ကပြန်ပြီ
ဘုရားမှာ ပန်းလှူ ပါ
လှူရပြန်ပြီ
ကုန်လိုက်တဲ့ပိုက်ဆံ
အပျောက် ကမြန်လည်း
ကျွန်တော်မှာ အခု ထိ
တစ်ယောက်မှာ မကျန်
အမေပေးတဲ့ ရုပ်ရည်
ချစ်မေက တော့ ချောတယ်ပြော
အသားက မဲ
ဗိုက်ကရွှဲပြီး
အကျင့်ကပုပ်
သွားတွေကကျိုး
စိတ်ထားဆိုးပြီး
အဆီကပြန်
ချွေးဆော်နံသော
အကျွန်ုပ် သို့
ရုပ်ရည် ရယ်ဆိုး
ရှုပါကာသိုးသော
ကိုကို ခန့်အား
ဗေဒင်အကူအညီ
တောင်းကာကူပြီး
ယတြာလက်နက်
အစွမ်းထက် က
ငါလည်း စွံနိုင်ချေတကားဆိုပြီး
ထိုနေ့ မှာ အပြာကို ခေါင်းစီး
အနီကို ခြေနင်း
နက်ကျားကို ဘောင်းဘီလုပ်ကာ
ရဲရဲတင်းတင်း
စိတ်ထဲတင်းကာ
လက်ထဲဝယ်
ဒူးရင်းသီးကိုင်
ခါးကြားဝယ် ယောင်းမထိုးကာ
ဈေးထဲဝယ် မတ်တပ်
ကျောက်ရုပ်ကြီးသဖွယ်
လူတကာက မျက်စိကျ
သိုပေမယ့်
သူမ အလာကို စောင့်နေရသည့်
ကျွန်တော့်ဘ၀ပါ
ဟော ဟိုမှ လာပြီး
ဈေးခြင်းလေးကို
ခပ်သွဲ့ သွဲ့ကိုင်
လူကလေးက
ခပ်နွဲ့နွဲ လေး မှိုင်ကာဖြင့်
ကျွန်တော်ဆီသို့
လှမ်းကလာချေပြီ
ဗေဒင်ခိုင်းတဲ့
အတိုင်း သူမကို
ယောင်းမနဲ့ရိုက်ကာ
ဒူးရင်းသီးလှမ်းပေးသည်
ချစ်တယ်လို့အကျယ်ကြီးအော်ပြောသည်
သူမက ဒူးရင်းသီးကိုတော့ယူသည်
ပြီးရင် ဈေးခြင်းတောင်းကို
အောက်သို့ချသည်
ြ့ပီးနောက်လွဲသည်
ကျွန်တော်ခေါင်းဆီသို့လွှဲသည်
ပြီးတော့ ကျွန်တော်မမှတ်မိတော့
အခု ဆေးရုံမှာ
မှန်ထဲ ကြည့်တော့
ကျွန်တော် ခေါင်းမှာ
အဖြူရောင်ခေါင်းပေါင်းက
သေသပ်သပ်ရပ်စွာ
ကျက်သရေအပြည့်ဖြင့်…..။

In: ကဗျာ Posted By: Date: Aug 22, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment