Professional Authors

လတ်တလောအသဲကွဲခြင်း

မနက်ခင်းတစ်ခုရဲ့တံခါးအဖွင့်မှာ

နှင်းဖွဲ့ဂီတတွေနေရာယူကြတယ်

သတိရခြင်းတွေအိပ်မှုန်စုံမွှားနဲ့

နိုးထလာရတဲ့ကျွန်တော့်မှာ

အလွမ်းရောင်အနွေးထည်တစ်ထည်နဲ့

ဟိုးဝေးဝေးကလမ်းလေးကို

မင်းကိုတွေ့အုံးမလားဆိုတဲ့အတွေးနဲ့

မျှော်မှန်းကြည်ြ့မိတယ်

ငါတို့ရဲ့အချစ်ပုံပြင်ဘယ်လိုဇာတ်သိမ်းဦးမယ်

မသိပေမယ့်လတ်တလောအသဲကွဲခြင်းကိုတော့

ကျွန်တော်အလူးအလဲခံစားနေရတယ်

ကူညီတဲ့အနေနဲ့တော့ချစ်သူရယ်

နင့်ရဲ့နွေးထွေးတဲ့အပြုံးတွေ

ဟိုး……ရင်ဘတ်ထဲအထိသိမ်းထားခွင့်ပြုပါ

အတိတ်ကငါ့ရဲ့ပေးဆပ်ခြင်းတွေထဲကတစ်ခုခု

နင်ရင်ထဲမှာရှိနေသေးရင်

ငါကျေနပ်ပါတယ်

In: ကဗျာ Posted By: Date: May 10, 2012
Comment #1

huh,,,
a khu ta law a te kwe poem tway & lan kwe me so de poem tway pe phat nay ya de,, 🙁
poem coner ka Sayar tway r lone a te kwe nay kya dar dot ma hote lout par bu naw?

commentinfo By: ei lay at May 10, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment