သို့..သူငယ်ချင်း
မနက်လင်းတိုင်း
“မင်္ဂလာပါ” …..writting သက်သက်ပါ
ဒါပေမယ့်..
ငါ့အတွက် မင်္ဂလာတကယ်….ရှိခဲ့ပါတယ်
…………..
ငါ့ရယ်သံလေး..
ကြားရုံနဲ့တောင်…ဘာ့အတွက်မှန်း
နင်မြင်နိုင်ခဲ့တယ်
နင့်အပြုံးတ၀က်က……
ငါ့အရှုံးတွေကို ဖြေသာစေခဲ့တယ်
နင်လဲ…နင့်ရင်ထဲကအတိုင်း
ခင်တွယ် ခဲ့တယ်
ငါ..တတ်နိုင်သမျှ..နင့်ကိုပျော်စေခဲ့တယ်
ငါတို့ရိုးသားကြတယ်ဆိုတာ…………..
ဘယ်သူ မှ သက်သေမလိုခဲ့အောင်…
ငါတို့ဖြူစင်တယ်….အဲဒါထက်လည်းပိုတယ်
ငါတို့ရိုးသားတယ်….အဲဒါထက်လည်းပိုတယ်
ငါ့တို ခင်တွယ်ကြတယ်……
ဒါပေမယ့်……
လောကပြောင်းပြန်..ဒီလူသားတွေ
အမြင်မရိုးသားကြဘူး…..
စိတ်နဲ့နှိုင်းလို့..ရိုင်းကြပုံများ…….
အဖြူစစ်စစ်..အနက်ကဲ့သို့…..
ငါ့ကို ငဲ့လို့ နင်လှည့်ထွက်သတဲ့လား….????
ငါ့ကို ခင်လို့…နင်ကန်းခဲ့သလား….????
ငါ့အတွက်…..မှ..ငါ့အတွက်ဆိုကာ……လျစ်လျူရှုရက်သလား?????
ဖြေရှင်းချက်…..အကြောင်းပြချက်…
ခံစားချက်တွေ…ငါမလိုပါဘူး…..
နင်ထားရက်မှတော့ ငါနေရဲရမှာပေါ့
နင် မပျော်ပဲ စတေးခဲ့မှန်း…..သိထားပါတယ်
သဘာဝတရားကို က..
ငါခြေပခွင့်မရနိုင်အောင်…..မိန်းမသားဖြစ်စေမှတော့
ဒီတသံသရာ….ငါကျူးရင့်ရဲပါရဲ့….
ငါ့သူငယ်ချင်းအဖြူရောင်လေး သို့…တမ်းချင်း..
ငါ့တို့ဆုံခွင့်မရပေမယ့်……
ငါ့တို့ကြားက ကြိုးအဖြူလေး……ဆက်လက်ရှင်သန်နေလိမ့်မယ်………တိတ်တိတ်လေးပေါ့။
Comment #3
သြော်…….ဂလိုကိုး…….ပစ်တော့ဘူးဗျ
By: moehtetaung18 at Nov 10, 2010
Comment #6
နင့်အပြုံးတ၀က်က……
ငါ့အရှုံးတွေကို ဖြေသာစေခဲ့တယ်
နင်လဲ…နင့်ရင်ထဲကအတိုင်း
ခင်တွယ် ခဲ့တယ်
ငါ..တတ်နိုင်သမျှ..နင့်ကိုပျော်စေခဲ့တယ်
ငါတို့ရိုးသားကြတယ်ဆိုတာ…………..
ဘယ်သူ မှ သက်သေမလိုခဲ့အောင်…
By: ma at May 10, 2012
Comment #7
ငါ့တို့ဆုံခွင့်မရပေမယ့်……
ငါ့တို့ကြားက ကြိုးအဖြူလေး……ဆက်လက်ရှင်သန်နေလိမ့်မယ်………တိတ်တိတ်လေးပေါ့။
By: မေပျို at Nov 27, 2012
Comment #8
မနက်လင်းတိုင်း
“မင်္ဂလာပါ” …..writting သက်သက်ပါ
ဒါပေမယ့်..
ငါ့အတွက် မင်္ဂလာတကယ်….ရှိခဲ့ပါတယ်
…………..
ငါ့ရယ်သံလေး..
ကြားရုံနဲ့တောင်…ဘာ့အတွက်မှန်း
နင်မြင်နိုင်ခဲ့တယ်
နင့်အပြုံးတ၀က်က……
ငါ့အရှုံးတွေကို ဖြေသာစေခဲ့တယ်
နင်လဲ…နင့်ရင်ထဲကအတိုင်း
ခင်တွယ် ခဲ့တယ်
ငါ..တတ်နိုင်သမျှ..နင့်ကိုပျော်စေခဲ့တယ်
ငါတို့ရိုးသားကြတယ်ဆိုတာ…………..
ဘယ်သူ မှ သက်သေမလိုခဲ့အောင်…
By: Fourteen4 at Aug 25, 2015




Comment #1
အရမ်းကောင်း…….ဖြူလိုက်တဲ့ကဗျာလေး
အရမ်းကောင်းပါတယ်…အသဲကွဲမိုးရေ……