အလွမ်းပုံရိပ်
လရောင်က မှိုင်းပြပြ
လေပြေက အေးအေးနဲ့
အဲဒီည မီးတွေက မှောင်မှိက်
ခုံတန်းလေးမှာ တို့ အတူထိုင်ခဲ့ဖူးတယ်နော် …
သာယာကြည်နူးစရာ ကြယ်တွေစုံတဲ့ညဆိုတာ
အဲဒီညလေးကို ဆိုလိုတာလား ကွာ ..
မေ့မရနိုင်တဲ့ ငါ့ရင်မှာ ထာဝရတွက် ပုံရိပ်လေးပါ
ဟိုးးးးးးး မိုး သားတွေ ထက်မှာ
တို့နှစ်ယောက်ကို ကြည့်နေတဲ့ ကြယ်လေးတွေ
ခုချိန်မှာ တို့နှစ်ယောက်ကို သနားလို့တဲ့
ဖြေသိမ့်ရှာပါတယ်ကွာ ..
တို့တွေ တမိုးအောက်ထဲမှာပါပဲတဲ့ ..
ချစ်သူရယ် ..
မင်းနဲ့ ဆုံနိုင်ဖို့ တောင်းဆုခြွေနေဆဲပါကွာ
ခုတော့ ငါ့ကို အဖော်ပြုနေတာ
အလွမ်းတွေနဲ့ ချစ်သူရဲ့  ပုံရိပ် လေးပေါ့ …
                                                   (ဇင်မင်း)
Comment #2
အဲဒီညကပျော်ဖို့ကောင်းမှာပဲဗျ။ကဗျာက ချစ်စရာလေး..
အားပေးသွားပါတယ်။
                        By: poem.poem28 at Nov 23, 2011
                    Leave Comments
								 Email me whenever there is new comment
								
																
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
                                           	
                                    		
                                        



 
Comment #1
hote de naw….
tu tu shi chin de.