Professional Authors

ပုံရိပ်အလွမ်း

လရောင်က မှိုင်းပြပြ
လေပြေက အေးအေးနဲ့
အဲဒီည မီးတွေက မှောင်မှိက်
ခုံတန်းလေးမှာ တို့ အတူထိုင်ခဲ့ဖူးတယ်နော် …
သာယာကြည်နူးစရာ ကြယ်တွေစုံတဲ့ညဆိုတာ
အဲဒီညလေးကို ဆိုလိုတာလား ကွာ ..
မေ့မရနိုင်တဲ့ ငါ့ရင်မှာ ထာဝရတွက် ပုံရိပ်လေးပါ
ဟိုးးးးးးး မိုး သားတွေ ထက်မှာ
တို့နှစ်ယောက်ကို ကြည့်နေတဲ့ ကြယ်လေးတွေ
ခုချိန်မှာ တို့နှစ်ယောက်ကို သနားလို့တဲ့
ဖြေသိမ့်ရှာပါတယ်ကွာ ..
တို့တွေ တမိုးအောက်ထဲမှာပါပဲတဲ့ ..
ချစ်သူရယ် ..
မင်းနဲ့ ဆုံနိုင်ဖို့ တောင်းဆုခြွေနေဆဲပါကွာ
ခုတော့ ငါ့ကို အဖော်ပြုနေတာ
အလွမ်းတွေနဲ့ ချစ်သူရဲ့ ပုံရိပ် လေးပေါ့ …
(ဇင်မင်း)

In: ကဗျာ Posted By: Date: May 28, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment