အတိတ်ကို သတိရနေတုန်း
ပိုင်ဆိုင်မှုဝေးကွာနေတဲ့ ပိုက်ဆံရယ်
ပိုင်ဆိုင်ဖို့ လုပ်ကိုင်နေတဲ့ ငွေရှာ လူသားရယ်
အနီးနဲ့ အဝေး သုံးနဲ့လေးလို 
အရှေ့နဲ့အနောက် မညီမျှလို့
နေမင်း အံတုရင်း အမေကို အကူပြုလုပ်ခဲ့တာ
အခုတော့ လမင်းနဲ့ အနီးဆုံးမှာပေါ့…။
အဓိပတိလမ်းမပေါ်က ကောက်ကြောင်းလေးတွေရယ်
ကန်တော်အင်းလျားမြေရယ် မလင်းလက် လင်းတလက်နဲ့
လင်းလက်နေတဲ့ ဓာတ်တိုင်အောက် ဓူဝံကြယ်တွေရယ်
သတိရတမ်းတလို့ တွေးမိလေတိုင်း
အိပ်ယာထက်မှာ အချိန်သာကုန်ဆုံးသွားတယ်
ပျောက်ဆုံးသွားတဲ့ အတိတ်ကပုံရိပ်တွေက
မကုန်ဆုံးပဲ ဒဏ္ဍာရီဆန်ဆန် ဖြစ်နေပါရဲ့…။
နာရီစက္ကန့် မခြားသေးသော်
ရွေ့လျားသောတဲ့ နေ့ရက်တွေက
ညလုံးပေါက် ဖုံးလွှမ်းလို့ 
မနက်ဖြန် အလင်းပေါက်တဲ့ 
နေ့ရက်တွေထဲ တိုက်ဆိုင်မှုရှိတိုင်း လွမ်းခဲ့
ပျော်မွေ့ဖူးတဲ့ သူငယ်ချင်းတွေနဲ့
ကျန်ရစ်ကျောင်းတော်အတွက် သမိုင်းတစ်ပုဒ်လို ရေးစပ်
လမ်းခွဲနေ့ရက်တွေနဲ့ နိဂုံးအဆုံးသတ်လို့
စာတန်းဆုံး သတိရတုန်း…။
တက္ကသိုလ်မြတ်မင်း

 Home
Home Post Masterpiece
Post Masterpiece Register
Register Login
Login



 
  
                                            
Comment #1
khan sar arr pay twar par d,