Professional Authors

ချစ်သူပုံရိပ်

လမင်းလိုအေးမြ
ဖြူဖွေးလှတဲ့ မင်းရူပါ
ရွှေအဆင်းလို ၀င်းပ
ရုပ်လုံးကြွတဲ့ မင်းခန္ဓာ
ခဏတာမြင်ရရုံနဲ့ 
ဘ၀မှာရွှင်ပြတယ်…..

ခက်ထန်မာတင်း
မင်းသံညင်းလည်း
ရင်ထဲရောက်ခိုက်
ငါ့နှလုံးသားလေး
“ကပ် ” ဆိုက်နေတယ်……..

ရွှေသမင်မျက်လုံး
ပြိုင်ရင် ရှုံးပါတဲ့
မင်းလေးရဲ့ စက္ခုအား
နတ်ပစ်မြှားလို
အချစ်စွမ်းအားနဲ့ 
ကိုယ့်အား ပြုစားခဲ့သလား…….

အခုတော့လည်း
အပူလွန်ကဲတဲ့ မိုးရာသီ
ကိုယ့်ရင်ထဲက
အပူက နိုင်သွားပြီ
နာဂစ်ထက်ပြင်းတဲ့  တိုက်ချက်နဲ့ 
ကိုယ့်ရင်ထဲက
နှလုံးသားဟာ တစ်စစီကိုကြေမွလို့ …………။

In: ကဗျာ Posted By: Date: May 27, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment