Professional Authors

ဒိုင်ယာရီရေးမိခြင်း

အချိန်အခါမရွေး စိတ်တည်ငြိမ်မှုများနဲ့

ငါ့လက်ဖျားကမချနိုင်တဲ့

သူ့ အမည်နာမက

ငါ့နားထင်ကို ရက်ရက်စက်စက်ထိုးခွဲပစ်ခဲ့ . . .

ခါးသလား မမေးနဲ့

ငါ့အခန်းထဲလဲ

ပြာပူတွေသာဝဲလွင့်လို့

မွန်းကျပ်မှု၊ေ၀၀ါးမှုနဲ့

လွမ်းလက်စခြေရာတွေ

ဒိုင်ယာရီစာရွက်ပေါ်

မိုးရေတွေလို တစ်ပေါက်ပေါက်အကျ . . .

ရှိုက်သံနဲ့အတူ

အရှိန်ပြင်းပြင်းနဲ့ တက်လာတဲ့မျက်ရည်တွေက

ရင်ဘက်ထဲက

ကြေကွဲမှုအသံအကြီးကြီးကိုဖုံးကွယ်ဖို့ကြိုးစားရင်း . . .

မြေစိုင်ခဲတို့ရဲ့ ဗလာအမူအကျင့်အတိုင်း

အပြင်းစား အရည်တစ်ခွက်လို

အားရပါးရ

ငါ . . . ငြိမ်သက်ခဲ့ရတယ် ။ ။

In: ကဗျာ Posted By: Date: May 27, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment