Professional Authors

မိန်းမတွေ

သစ္စာတွေလည်း သတ်မှတ်
ကတိတွေလည်း အထပ်ထပ်နဲ့
ကိုယ် ကိုယုံပါတယ်တဲ့..

လျှာအရိုးမရှိတိုင်း ပြော
ဖြစ်ချင်တိုင်း ဖြစ်ခဲ့ပြီးမှ
ဟိုလူကယ်ပါ..ဒီလူ ကယ်ပါတဲ့..ဟား…ဟား….
ငါ ဟားတိုက်ရီလိုက်မယ်…

နင့်ရင်ထဲကအချစ် ဖြူစင်တယ်ဆိုတာ
ရှုးလို့ပြောတာပဲ ငါယုံမယ်…
နင့်ပြောတဲ့ အချစ်စစ်ဆိုတာဟာ
ခွေးကျွေးတောင် မစားတော့ဘူး..

နင့်ဘ၀ဒီမျှနဲ့ပဲ ရှိစေတော့
နင်ရှာတဲ့ နောက်တစ်ယောက်
လွယ်ပါတယ်..ချစ်ဖို့ဆိုတာလဲ
နင့်အတွက် ဘာစမ်းလို့လဲ….

ချစ်စားတစ်ယောက်လုံးရှိတာတောင်
နောက်ကွယ်မှာ ဖောက်ပြန်နေတဲ့နင်
နင့်ရေးတဲ့ နင့်စာ၊နင့်ဖတ်ဖို့ ယူသွားတော့ပေါ့….

ငါရင်မှာ နင်ဆိုတဲ့လူမျိုး
နောက်ထပ်မရှိစေရတော့ဘူးဆိုတာ ယုံထား…

ချစ်တယ်လို့ပြောတာ လွယ်တယ်နော်
နင့်ပါးစပ်က အချစ်ဆိုတာ
အဓိပါယ်ရှိရဲ့လား…
အချစ်ဆိုတာကို နင်သိရဲ့လား..

In: ကဗျာ Posted By: Date: Apr 19, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment