Professional Authors

မင်းလိုသူငယ်ချင်း

ငှက်တွေမြင့်မြင့်ပျံကြတယ်
ဖမ်းဖို့ခက်သလို
မင်းလိုသူငယ်ချင်းကို
မေ့ဖို့ခက်ပါတယ်……….
ကြယ်တွေကောင်းကင်ထက်မှာ
လင်းလက်နေကြတယ်
ရယူနိုင်ဖို့ခက်သလို
မင်းလိုသူငယ်ချင်းကို
မုန်းဖို့ခက်ပါတယ်………
ငါလည်းသေသွား
ပင်လယ်လည်းခမ်းခြောက်သွားမယ်ဆိုလည်း
မင်းလိုသူငယ်ချင်းကို
ဘယ်တော့မှ နှုတ်မဆက်ပါဘူးကွယ်……………..

In: ကဗျာ Posted By: Date: May 27, 2010
Comment #1

အရမ်းကောင်းတဲ့ ကဗျာလေးပါ
ခွင့်မတောင်းပဲ ကူးယူသွားပါတယ်

commentinfo By: jerrymouse at Jul 8, 2010
Comment #2

jerrymouse ရေ ကျေးဇူးပါနော်။ ခုလို စိတ်ချမ်းသာအောင် ပြောပေးတဲ့အတွက်ပေါ့ စာကြောင်းလေးတစ်ကြောင်းဟာ လူတစ်ယောက်စိတ်ကို ခွန်အားတိုးစေပါတယ်။

commentinfo By: မနောဖြူလေး at Jul 8, 2010
Comment #3

ကဗျာက အရမ်းဖတ်လို.ကောင်းလို.ပါ။ ကူးထားမိပါတယ်နော်။ခွင့်လွှတ်ပါ………

commentinfo By: စမ်းချောင်းလေး at Sep 24, 2010
Comment #4

မနောဖြူရေ .. ကျွန်မမှာလဲ..အဲလိုသူငယ်ချင်းလေးတစ်ယောက်ရှိပါတယ်.. ကဗျာလေးကိုကြိုက်ပါတယ်ရှင် 😀

commentinfo By: ရွှေငါး at Sep 27, 2010
Comment #5

ကဗျာလေး ခံစားအားပေးသွားပါတယ်
သူငယ်ချင်းကို ဖွဲ့ထားတဲ့စကားလုံးတွေ တကယ်လှတယ်ဗျာ ။

commentinfo By: X - ray at Feb 12, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment