Professional Authors

နားထောင်ခဲ့တဲ့ စကြာဝဌာက မိုးပြိုသံ

နူးညံ့တဲ့လေပြေလေးပါပဲ
ဒါပေမယ့်
ပွင့်ဖတ်တို့ခဏခဏကြွေ
အိုအေစစ်ဒဏ်ရာတွေနဲ့ငါမျှော်နေမိတုန်းပဲ

vinusကနာမည်ဝှက်နဲ့
ရင်ဘတ်ကိုဓားနဲ့ထောက်
ချစ်ခြင်းကိုဥပေကာပြုခိုင်းလို့
အေးမြခြင်းတို့ဆိတ်သုန်းနေပေမဲ့
ငါဆောင်းစစ်စစ်ဖြစ်ကြောင်း
နှင်းတွေသဲသဲလှုပ်ရွာကျပြမှ
သူလည်းငိုကြွေး
လမင်းနဲ့အတူတူကောင်းကင်တစ်နေရာကနေ
ငါ့ဈာပနကိုလိုက်ပို့ဖို့ကတိပေးခဲ့ကြတယ်

လူကြားကောင်းအောင်နောင်တဆိုတဲ့စကားလုံးလည်း
ငါ  မသုံးချင်ပါဘူး
သိပ်ကိုတမ်းတမိပါတယ်
သုညအပြည့်နဲံ့ရူးခဲ့တဲ့နေ့တွေဆီကိုလေ
ကောင်းကင်ကြီးရေ
ငါ့ရင်ခွင်က ခုနှစ်စင်ကြယ်တို့
ဒီညသစာဆိုပြီးချွေချမယ်

ပြန်လှည့်မကြည့်ကြေးတဲ့
သတိတရကြွေကျပြတဲ့သစ်ရွက်နဲ့အတူ
ကြိုတင်မသိတဲ့ပြသဒါးညတွေပေါ်ငေါင်တောင်တောင်ရပ်
အိပ်မက်ရဲ့ရှင်သန်ခွင့်ကိုဒီညမှာပဲ ချိတ်ပိတ်လိုက်တယ်
ဒီလိုနဲ့
ဆားငန်ရည်ကိုမျိုချရင်း
ပင်လယ်ယောင်လည်းဆောင်ခဲ့ဖူးတယ်

တစ်နေ၀င်တစ်မျုးချုပ်
ယူကျုံးမရဖြစ်ရင်း
မုန်းတိုင်းကိုလည်းချော့သိပ်ဖူးသလို
လေပြေကိုလည်းမောင်းထုတ်ဖူးတယ်
မေ့မရခြင်နဲ့လင်းတဲ့မီးပြတိုက်ထဲကငါ
တီးတိုးစွာပြိုလဲ မနက်လင်းမှာကိုပဲကြောက်နေမိတယ်

ဖြစ်ချိန်မတ်ပဲပျက်သွားတယ်မပြောပါနဲ့
တိတ်ဆိတ်ခြင်းတို့အပြည့်ထည့်လွယ်
ဒီမှော်ဝင်တောရဲ့တံခါးပေါက်မှာ
ချစ်တဲ့သူပြန်အလာကိုစောင့်မယ်
၁၂ ရာသီပန်းတို့ ဓူဝံကြယ်နှင့်အတူဖူးပွင့်ကြစေ

အဆက်အစပ်မရှိသောကဗျာကိုရွတ်ဆို
အလွမ်းတွေကိုခေါင်းအုံးအိပ်
အချိန်လွန်ခဲ့တဲ့ရူးသွပ်မှု့ကိုစိုက်ပျိုး
ဘယ်တော့မှမပွင့်ဖြစ်တော့မယ့်
မီးတောက်ကျိန်စာနဲ့ ဒီနှင်းဆီတစ်ပွင့်အတွက်
နွေအေးအေးတစ်ခွက်သာပေးခဲ့ပါ

ဒီလိုနဲ့တစ်သက်တာကြေကွဲမှု့ကိုဖြန့်ကျဲ
အခုဆို
ငါ့ဥယျာဉ်မှာ ပျောရွှင်ခြင်းတို့ခြေကုန်လက်ပမ်းကျခဲ့
ကြေးစားအနမ်းတို့တင်ကျန်ဖို့တောင်မထိုက်တန်တော့တဲ့ရင်ဘတ်နဲ့
လက်နက်မရှိတဲ့စစ်တပ်မှာဗိုလ်ချုပ်လုပ်လို့ကမာလည်းပတ်ခဲ့ဘူးတယ်

အိပ်မက်ထဲလဲာပီးစွန့်ခွာခြင်းပုံပြင်တွေ
ပြောခဲ့တဲ့ vinus ကိုလည်း
အချစ်နတ်သမီးလို့ငါမခေါ်ဘူး
ဝံပုလွေတစ်ကောင်ရဲ့ဂီတနဲ့စပ်ဆိုတဲ့
စကြာဝဌာတံတိုင်းမှာပြိုခဲ့တဲ့မိုးအကြောင်းပဲ
ငါ  တိုးတိုးတိတိတ်နားထောင်ခဲ့တယ်

                                                      ဆုတောင်းပြည့်+ridd

In: ကဗျာ Posted By: Date: Apr 10, 2012
Comment #1

မိုက်တယ် မလိမာ ဘူး ridd နဲ့ ဆုတောင်းပြည့် ဘာတွေလုပ်နေကြတာလဲ မတွေ့တာကြာပီနော် အပြင်မှာကော သူတောင်းစားနှစ်ကောင် ဟိဟိ

commentinfo By: wxad at Apr 10, 2012
Comment #2

ကောင်းတယ် နင်တို့ နှစ်ကောင် အကြောင်း ငါသိတော့ ဘာကို ရည်ညွှန်းတာလဲဆိုတာ ဒီကဗျာ က ဘာကိုရည်ညွှန်းတယ်ဆိုတာကောင်းကောင်းသိတယ်နော် အားပေးပါတယ် ကဗျာလေး ကိုလည်းကြိုက်တယ်

commentinfo By: wxad at Apr 10, 2012
Comment #3

လူကြားကောင်းအောင်နောင်တဆိုတဲ့စကားလုံးလည်း
ငါ မသုံးချင်ပါဘူး
သိပ်ကိုတမ်းတမိပါတယ်
သုညအပြည့်နဲံ့ရူးခဲ့တဲ့နေ့တွေဆီကိုလေ

commentinfo By: May Kha at Apr 11, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment